Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧြပီလ ကုန်သွယ်မှုအခြေအနေ

Last Updated:

     ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၅.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၀.၉၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၅.၉၀၀) ဒေါ်လာသန်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၂၅) ရက်နေ့ထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂၃.၆၀၇) ဒေါ်လာသန်း၊ သွင်းကုန် (၁.၁၄၈) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၄.၇၅၅) ဒေါ်လာသန်းရရှိခဲ့သဖြင့် ဧပြီလနောက်ဆုံးပတ်ထိတွင် ကုန်သွယ်မှုလျာထားချက် (၁၅.၉၀၀) ဒေါ်လာသန်းကိုကျော်လွန်ပြီး (၁၅၅) ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်သည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောအား အဓိက တင်ပို့လျက်ရှိပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ငှက်ပျောတင်ပို့ရာတွင် အသုံးပြုသည့် Empty Cargo Container များ၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းမျိုးစုံနှင့် အဝတ်အထည် များတင်သွင်းလျက် ရှိသည်။

       ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၂၆၈၅)စီး၊ တန်ချိန်အားဖြင့်  (၆၇၁၂၅) တန် တင်ပို့နိုင်ခဲ့ပြီး တစ်သျှူးငှက်ပျောအပြင် ငရုတ်(အစို) တင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၃) စီး၊ (၅၁) တန်၊ ဖရုံသီးတင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၉) စီး၊ (၁၈၀) တန်၊ ဖရဲသီး တင်ပို့မှု အနေဖြင့် ယာဉ်စီးရေ (၉၄) စီး၊ တန်ချိန် (၂၃၅၀) တန်နှင့် Rice Husk Charcoal အနေဖြင့် ယာဉ်စီးရေ (၁) စီး၊ (၃၄) တန်တို့တင်ပို့နိုင်ခဲ့သည်။

            ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလမှစ၍ တစ်သျှူးငှက်ပျောတင်ပို့မှု ပိုမိုခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ(၂၅)ရက်နေ့အထိတွင်လည်း ငှက်ပျောပုံမှန်တင်ပို့လျက်ရှိကြောင်း တွေ့ရှိရပြီး ရာသီပေါ်သီးနှံအနေဖြင့် ဖရဲထွက်ရှိမှုပိုမိုလာကြောင်း တွေ့ရှိရသည်။

Source: https://www.commerce.gov.mm

Category: Local News