Local News

ပို့ကုန်ပဲများ ဆက်လက်ဈေးမြင့်တက်လာသော်လည်း တရုတ်လိုင်းတင်ပို့သည့် ပဲနှမ်းအချို့ ဈေးကျဆင်းနေ

Last Updated:
ရွှေမန်း
          ပို့ကုန်ပဲများ ဆက်လက်ဈေး မြင့်တက်လာသော်လည်း တရုတ် လိုင်းတင်ပို့သည့် ပဲနှမ်းအုပ်စု ဈေးကျဆင်းအဝယ်ရပ်နေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ ရန်ကုန်ပို့ကုန် လိုင်းတွင် အရောင်းအဝယ်ပုံမှန်ရှိနေသော်လည်း ဧပြီ ၂၃ ရက်က တရုတ်နယ်စပ်တွင် တရုတ်အစိုးရ၏ အခွန်ဆိုင်ရာသတ်မှတ်ချက်များကြောင့် တရုတ်ပဲနှမ်းကုန်သည်အချို့ ထိန်း သိမ်းခံရမှု သတင်းများကြောင့်  မန္တလေးပဲဈေးကွက်တွင် အဝယ်အေး သွားခြင်းဖြစ်ကြောင်းသိရသည်။
       ဧပြီလကုန်ပိုင်းတွင် ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် မြေပဲဆန်မှာ အရောင်းအဝယ် ဆက်လက်ကောင်း မွန်နေပြီး  တရုတ်ပို့ကုန်ဖြစ်သည့် နှမ်းနက်၊ ပဲတီစိမ်းနှင့် ပဲမာလိုင်း အချို့ဈေးအေးအဝယ်ရပ်နေကြောင်း အိန္ဒိယဝယ်လိုအားကောင်းသော်လည်း အဝယ်ကုန်သည်များ၏ လိမ္မာပါးနပ်စွာ ဝယ်ယူမှုကြောင့် ပို့ကုန်ပဲများမှာ တဖြည်းဖြည်း မြင့်တက်လာ သည့် ဈေးကွက်ဖြစ်နေကြောင်း မြ၀တီလမ်းကြောင်းမှ မြေပဲဆန် အဝယ်ရှိတာကြောင့် ဈေးကျဆင်းသည့် မြေပဲဆန်မှာ အနည်းငယ်သာ  ကျဆင်းပြီး အရောင်းအဝယ်ကောင်းနေကြောင်း  ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
    "ပို့ကုန်ပဲဈေးတွေကတော့ ဈေးမကျပါဘူး။ ပုံမှန်အဝယ်ရှိ နေပါတယ်။ မတ်ပဲတစ်အိတ် ငွေကျပ် ၂၀၅၀၀၀-၂၀၆၀၀၀၊ပဲစင်း ငုံတစ်အိတ် ငွေကျပ် ၂၂၅၀၀၀- ၂၂၆၀၀၀ ပုံမှန် အရောင်းအဝယ်ရှိ နေပါတယ်။ အိန္ဒိယဝယ်လိုအား ကောင်းပေမယ့် ဝယ်လက်သမားတွေက ထိန်းပြီးဝယ်နေလို့ ဈေးကတော့ ပုံမှန်လေးတက်နေတာပါ။ မြေပဲဆန်၊ နှမ်း၊ ပဲတီစိမ်းကတော့ အရောင်းအဝယ် ခပ်အေးအေး ဖြစ်နေပါတယ်။ မြေပဲဆန်ကတော့ မြ၀တီလမ်းကြောင်း အဝယ်ရှိလို့ အရောင်းအဝယ်သွက် နေပါတယ်။ တရုတ်ပြည်မှ အဝင်ရှိတဲ့ ပဲတွေ ဈေးကွက်ရပ်နေပါ တယ်"ဟု ၎င်းက ပြောသည်။            
     ဧပြီ ၂၇ ရက်တွင် ဈေးမြင့်တက်လာသည့် ပို့ကုန်မတ်ပဲ (သစ်) ၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၀၆ç၀၀၀၊ ပဲစင်းငုံ (သစ်) ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀-၂၃၂၀၀၀၊ ပဲတီစိမ်း ရွှေဝါ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀ ပေါက်ဈေးသာရှိပြီး တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ကျော် ဆက်လက် ဈေးမြင့်တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင် ပေါက်ဈေးများအရ သိရသည်။
      ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး ဈေးမြင့်တက်အရောင်း အဝယ်သွက်နေရာ ပို့ကုန်ပဲအချို့ ဈေးမြင့်တက်သော်လည်း တရုတ် လိုင်းပဲဈေးကွက် ကျဆင်းသွားရာ  ဧပြီ ၂၇ ရက်တွင် ကုလားပဲ V2  တစ်အိတ်မှာ ငွေကျပ်၂၁၈၀၀၀၊  ပဲကြီးတစ်အိတ်ငွေကျပ် ၂၆၀၀၀၀၊  ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၄၀၀၀၀၊မြေထောက်ပဲ တစ်အိတ် ငွေကျပ်၂၉၀၀၀၀၊ မြေပဲအနီလုံး ဆန်တစ်ပိဿာ ငွေကျပ် ၇၃၀၀- ၇၅၀၀ ပေါက်ဈေးရှိကြောင်း သိရ သည်။ တရုတ်နယ်စပ်ရှိ တရုတ် ပဲကုန်သည်များ အခွန်ဆိုင်ရာ သတ်မှတ်ချက်များကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရသည့် သတင်းကြောင့် ပြည်တွင်း ပဲနှမ်းဈေးကွက်အရောင်း အဝယ် ခပ်အေးအေးရှိနေသည်။
Source: မကွေးဂျာနယ်
Category: Local News