International News

တရုတ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများတွင် ဒေါ်လာထက် ယွမ်သုံးစွဲမှုက ပထမဆုံးအကြိမ် ပိုများ

Last Updated:

      တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများတွင်  ယွမ်သည် ဒေါ်လာကို ကျော်တက်ပြီး အသုံးအများဆုံး ငွေကြေးအဖြစ်သို့ ရောက်ရှိလာသည်။ ယွမ်သည် ၂၀၂၃ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများအတွက် အသုံးအများဆုံးငွေကြေးဖြစ်လာခဲ့ပြီး ဒေါ်လာထက်  ယွမ်သုံးစွဲမှုက ပထမဆုံးအကြိမ်အဖြစ် ပိုများခဲ့သည်။ ယွမ်ငွေကို နိုင်ငံတကာ သုံးစွဲစေရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုများ အရာထင်လာခြင်းဖြစ်သည်။
       နယ်စပ်ဖြတ်ကျော် ယွမ်ဖြင့် ငွေပေးချေမှုနှင့် လက်ခံဖြတ်ပိုင်းများ စုစုပေါင်းသည် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၃၄.၅ ဘီလီယံဖိုး ရှိခဲ့ရာမှ မတ်လတွင် စံချိန်သစ်တင် ဒေါ်လာ ၅၄၉.၉ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း ရိုက်တာသတင်းအရသိရသည်။ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုအားလုံး၏ ၄၈.၄% တွင် ယွမ်ကို အသုံးပြုခဲ့သည်။ ဒေါ်လာသည် ဖေဖော်ဝါရီလတွင် ၄၈.၆% ရှိခဲ့ပြီး မတ်လတွင် ၄၆.၇% သို့ လျော့ကျခဲ့သည်။
    တရုတ်နိုင်ငံသည် ယွမ်အသုံးပြုမှုကို နိုင်ငံတကာသို့ ကူးပြောင်းရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ ပေးချေရန်အတွက် ယွမ်အသုံးပြုမှုကို မြှင့်တင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်မှုတွင် ယွမ်ကို သုံးစွဲမှု နည်းပါးနေသေးသော်လည်း မှန်တန်းဖြင့် တိုးလာကြောင်း တွေ့ရသည်။ SWIFT မှ အချက်အလက်များအရ ကမ္ဘာ့ကုန်သွယ်မှု ငွေကြေးလွှဲပြောင်းမှုတွင် ယွမ်၏ဝေစုသည် မတ်လတွင် ၄.၅% အထိ မြင့်တက်ခဲ့ပြီး ဒေါ်လာသည် ၈၃.၇၁% ရှိကြောင်း သိရသည်။

Source: https://www.industrialdirectory.com.mm

Category: International News