Local News

ဒေသထွက် ဒူးရင်းသီးမှည့်များပေါ်ချိန် ဝယ်ယူစားသုံးသူ များခြင်းကြောင့် အရောင်းသွက်

Last Updated:

      တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့တွင် ဒေသထွက် ဒူးရင်းသီးမှည့်များပေါ်ချိန် ဝယ်ယူစားသုံးသူများခြင်းကြောင့် အရောင်းသွက်လျက်ရှိကြောင်း ဒူးရင်းသီးမှည့်များ ရောင်းချသူများထံမှ သိရသည်။ မြိတ်မြို့တွင် ဒူးရင်းသီးများမှာ ဧပြီလ ပထမပတ်ကတည်းက  စပေါ်လျက်ရှိပြီး  အလုံးငယ်တစ်လုံးလျှင် ငွေကျပ် ၃၀၀၀ မှ စတင်၍ ရောင်းချရကာ အလုံးကြီးတစ်လုံးလျှင် ငွေကျပ် ၈၀၀၀ မှ စတင်၍ ရောင်းချရကြောင်း သိရသည်။

     မြိတ်မြို့တွင်  ဒေသထွက်  ရာသီပေါ် ဒူးရင်းသီးများအပြင် ကျွန်းစုမြို့နယ်ဒေသဘက်မှ ထွက်ရှိသည့်ဒူးရင်းသီးများလည်း လာရောက်ရောင်းချလျက်ရှိကြပြီး ကျွန်းစုမြို့နယ်ဘက်မှ ဒူးရင်းသီးများကို မြိတ်မြို့ကမ်းနားလမ်း တစ်လျှောက်နှင့် ဈေးများတွင် အများဆုံး ရောင်းချကြသည်ကို တွေ့ရသည်။ လက်ရှိတွင် မြိတ်မြို့၌ ဒူးရင်းသီးမှည့် အလုံးငယ် တစ်လုံးလျှင် ငွေကျပ် ၃၀၀၀ မှ စတင်၍ရောင်းချရပြီး  အလုံးကြီးတစ်လုံးလျှင် ငွေကျပ် ၈၀၀၀ မှ ၁၀၀၀၀ အထိ ရောင်းချရကာ ဒူးရင်းသီးမှည့်များစပေါ်ချိန်  ဝယ်ယူစားသုံးသူ များပြားနေခြင်းကြောင့် အရောင်းသွက်လျက်ရှိကြောင်း  သိရသည်။

Source: https://myawady.net.mm

Category: Local News