Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်လနှင့် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဩဂုတ်လအတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေ အနေမှာ နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်၊ မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူများ စသည်တို့ ဈေးမြင့်တက်နေကြောင်း သိရသည်။ ယခုတစ်ပတ်တွင်း ဆီထွက်သီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းညိုတစ်တင်း (၁၀၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်း (၁၂၀၀၀၀-၁၃၅၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်း (၁၀၅၀၀၀-၁၂၅၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်း (၁၁၂၀၀၀) ကျပ်ရှိပြီး ယခင်လ(ဇူလိုင်) ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်း (၈၉၀၀၀-၉၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်း (၁၁၅၀၀၀-၁၂၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်း (၈၅၀၀၀-၉၅၀၀၀)ကျပ်ရှိပြီး ယခုတစ်ပတ်အတွင်း ပေါက်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက နှမ်းညိုတစ်တင်း (၁၅၀၀၀)ကျပ်ခန့်၊ နှမ်းဖြူ (၁၂၀၀၀)ကျပ်‌‌၊ နှမ်းနက်တစ် တင်း (၁၀၀၀၀)ခန့် ဈေးနှုန်းများမြင့်တက်လာကြောင်း သိရသည်။

ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီတစ်ပိဿာ (၉၈၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၉၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာ (၁၃၀၀၀-၁၃၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၁၈၀၀-၁၂၀၀၀) ကျပ်ရှိပြီး ယခင်လ(ဇူလိုင်)အတွင်း ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၆၀၀-၈၉၀၀)ကျပ်၊ မြေပဲလုံးဆံဖြူတစ်ပိဿာ (၆၅၀၀-၆၉၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာ (၁၃၀၀၀-၁၃၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၃၀၀၀) ကျပ် ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆံတစ်ပိဿာ(၁၀၀၀)ကျပ်ခန့် မြင့်တက်ပြီး ပဲဆီမှာဈေးငြိမ်လျှက်ရှိကာ နှမ်းဆီတစ်ပိဿာ(၁၀၀၀)ခန့် မြင့် တက်လာကြောင်း သိရ သည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News