Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့ထိကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၂၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၂၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ စက်တင်ဘာလ (၂၂) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၉၆၃) ဒေါ်လာသန်း၊ သွင်းကုန် (၀.၇၅၆) ဒေါ်လာသန်း၊ စုစုပေါင်း (၁.၇၁၉) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထား ချက်အပေါ် (၄၀.၉၃၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

စက်တင်ဘာလ (၂၂) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၂၇၉၂) တန်၊ တန်ဖိုး (၉၆၃၃၂၅) ဒေါ်လာတင်ပို့နိုင်ခဲ့သည်။

အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Iron Sheet In Coil ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၁၈.၀၀၀) တန်၊ တန်ဖိုး (၁၂၅၉၂.၂၁) ဒေါ်လာ၊ Iron Nail ဈေးနှုန်းတစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၁၄.၇၀၀) တန်၊ တန်ဖိုး (၁၁၇၆၃.၆၅) ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၄၀.၅၀၀) တန်၊ တန်ဖိုး (၂၆၉၁၈.၉၁၇) ဒေါ်လာ၊ Artificial Grass ဈေးနှုန်း တစ်တန်လျှင်(၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၃၅.၅၀၀)တန်၊ တန်ဖိုး(၂၄၅၄၀.၇၂၀) ဒေါ်လာ၊ Apple တစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့်  တန်ချိန်(၂၆.၁၀၀)တန်၊တန်ဖိုး (၁၁၆၀၂.၃၉) ဒေါ်လာ၊ Orangeတစ်တန်လျှင် (၂၃၀)ဒေါ်လာဖြင့် တန်ချိန် (၅၈.၁၀)တန်၊ တန်ဖိုး (၁၈၅၈၃.၄၈) ဒေါ်လာ၊  Ceramic Tile Plain ဈေးနှုန်း (1 M2) လျှင် (၄.၁) ဒေါ်လာဖြင့် (၁၆၁၂၆) M2၊ တန်ဖိုး (၅၈၆၇၁.၂၆၃) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည် များ)တင်သွင်းနိုင်လျက်ရှိသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်သည်။ ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News