Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ(၁၆) ရက်နေ့မှ (၂၂)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလထက် (၀.၆၆၈) ဒေါ်လာသန်း ပိုမိုခဲ့

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှ စက်တင်ဘာလ(၂၂) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၄၁) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၄.၂၆၉) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၉.၃၁၀) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၃၅၆) စီး၊ သွင်းကုန် (၇၄၇) စီး ဆောင်ရွက်နိုင်ခဲ့သည်။

ယခင်အပတ်  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ စက်တင်ဘာလ(၁၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၆၄) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၃.၅၇၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၈.၆၄၂) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်တန်ဖိုး (၀.၉၆၁) ဒေါ်လာသန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၀.၆၆၈) ဒေါ်လာသန်း ​ပိုမိုခဲ့သည်။ တင်ပို့သည့် ပို့ကုန်အမယ်များအနက် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ မြေထောက်ပဲ၊ မြေပဲဆံ၊ ဘိုကိတ်ပဲ၊ ရော်ဘာကြမ်း၊ မီးရှို့စက္ကူ၊ အရက်ဆီ၊ တင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင့် ယခင်တစ်ပတ်အောက် (၀.၀၂၃) ဒေါ် လာသန်း လျော့နည်းခဲ့ခြင်း ဖြစ်သည်။

တင်သွင်းသည့် သွင်းကုန်အမယ်များအနက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ အခြားပစ္စည်းများ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ အခြားပစ္စည်းများ၊ လျော့နည်းတင်းသွင်းခဲ့သော်လည်း ဝါယာကြိုးများ၊ လယ်ထွန်စက်အပိုပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ ၊ သတ္တုကုန်ချောဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၁.၂၄၆) ဒေါ်လာသန်း ပိုမိုခဲ့သည်။

လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ချည်ခင်များ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့် ကျွတ်များပိုမိုတင်သွင်းခဲ့သော်လည်း ဓာတ်မြေသြဇာများ၊ သားရေတု ပြုလုပ်သောပစ္စည်းများ၊ ကုန်ထုတ် စက္ကူများ၊ ဓါတုဗေဒပစ္စည်းများ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သဖြင့် ယခင် တစ်ပတ်အောက် (၀.၅၇၇) ဒေါ်လာသန်း လျော့နည်းခဲ့သည်။ လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘထ္ထရီခြောက်၊ ချည်ထည်များ၊ ဆေးဝါးများ၊ အခြားပစ္စည်းများ၊ လျော့နည်းတင်သွင်းခဲ့သော်လည်း အပ်ချည်ကြိုးများ၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ၊ ချုပ်ပြီး အဝတ်အထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၀.၀၂၂) ဒေါ်လာသန်း ပိုမိုခဲ့သည်။

ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်( ၁၀ )မျိုးမှာ ရော်ဘာ (၁၂၅၁.၁၀၀)တန်၊ (၁.၅၃၃) ဒေါ်လာ သန်း၊ ပဲယင်း (၁၄၀၇.၂၄၆ )တန်၊ (၁.၀၉၇)ဒေါ်လာသန်း၊ ပဲတီစိမ်း (၆၁၂.၀၀၀ )တန်၊ (၀.၄၃၄) ဒေါ်လာ သန်း၊  ပဲနီကြား (၅၂၆.၀၃၄) တန်၊ (၀၂၉၁)ဒေါ်လာသန်း၊ CMP (၃၉၇၇၈) ခု ၊ (၀.၂၇၁) ဒေါ်လာသန်း၊ နှမ်းနက် (၁၃၅.၃၇၉) တန်၊ (၀.၂၁၈)ဒေါ်လာသန်း၊ မြေထောက်ပဲ  (၁၃၆.၀၀၀) တန်၊ (၀.၂၁၆) ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၂၉၀.၅၀၀) တန်၊ (၀.၁၇၈ )ဒေါ်လာသန်း၊ ဝဥခြောက် (၈၄.၅၀၀) တန်၊ (၀.၁၅၆) ဒေါ်လာသန်း၊ ပဲကြီး (၁၃၆.၀၀၀) တန်၊ (၀.၁၃၆)ဒေါ်လာသန်း ဖြစ်သည်။

ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀) မျိုးမှာ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း (၃.၉၅၀) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ (၃.၀၆၇) ဒေါ်လာသန်း၊ ချည်ထည်များ (၂.၉၈၀) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း(၁.၀၃၅)ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၀.၆၂၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၄၈၆)ဒေါ်လာသန်း၊ ချုပ်ပြီးအဝတ်အထည်များ (၀.၄၃၁) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ(၀.၄၁၉) ဒေါ်လာသန်း၊ ဓါတုဗေဒချည်ခင်များ (၀.၂၀၃) ဒေါ်လာ သန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ(၀.၁၇၄) ဒေါ်လာသန်းဖြစ်သည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်း ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ် ကုန်ပွ ကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန် ဈေးနှုန်း မှာ  ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း၊ မြေထောက်ပဲ (၈၀၀၀) ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News