Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၀-၉-၂၀၂၃) မှ (၂၄-၉-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ(၂၁၂.၂၅) တန်၊ တန်ဖိုး (၀.၀၈၇) ဒေါ်လာသန်း၊ ပြောင်း (၉၄၀.၀၀) တန်၊ တန်ဖိုး (၀.၂၁၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲတစ်တန် လျှင်(၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင်(၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ရော်ဘာတစ် တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာ လျှင်(၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်တာယာ (၂၈၀) U ၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာ သန်း၊ ပိတ်လိပ် (၁၀၄.၆၅) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ ပီနံအိတ် (၇၈.၀၀) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ ချည် (၃၃.၅၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၃၆.၀၀)တန်၊ တန်ဖိုး(၀.၀၂၅)ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၄.၉၄)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ပိုက် (၇.၁၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်း၊ ကုန်စုံ (၁၆၃.၀၀) တန်၊ (၁၅၁၀၅) U၊ (၅၀၀) PR၊ တန်ဖိုး (၀.၁၁၆) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန် လျှင် (၆၃၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂) ဘီးယာဉ် (၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ်ဝန်း ကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်း ကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် -  မိုးမောက်  (ကျောက်စခန်း)  -  စိန်လုံ  -  လွယ်ဂျယ်လမ်းကြောင်းအတိုင်း   တင်ပို့လျက်ရှိပြီး   သွင်းကုန်   ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း) ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၉-၉-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၅၀)ကျပ်ဖြစ်ခဲ့ပြီး ၂၄-၉-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၀)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးကျခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News