Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၂၄-၉-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၂၄-၉-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (0.940)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (2.803) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(3.743) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၅၆.၃၂၀) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၁၆၉)သန်း၊ ကြက်သွန်နီ(၁၆၉.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၀၂) သန်း၊ ကြေးနီ (၃၄.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၉၆) သန်း၊ ရော်ဘာ(၆၈.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၁)သန်း၊ မိကျောင်းကွမ်းဖတ်စေ့(၇၂.၈၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၆၉)သန်း၊ကဏန်း (၁၈.၀၅၀) တန်၊ တန်ဖိုး(၀.၀၆၉)ဒေါ်လာသန်း၊ လျှော်ဖြူ(၃၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၄)သန်း၊ ကွမ်းသီးလုံး(၄၁.၆၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၆၂)သန်း၊ ဆန်ကွဲ(၁၃၆.၀၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၆) သန်းနှင့် မြေထောက်ပဲ (၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်းတို့ဖြစ်သည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန်ဒေါ်လာ (၁.၇၅၉) သန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပို ပစ္စည်း တန်ဖိုးကန်ဒေါ်လာ (၀.၂၂၀)သန်း၊ ပဲမှုန့်တန်ဖိုးကန်ဒေါ်လာ (၀.၀၉၅)သန်း၊ သံချောင်း တန်ဖိုးကန်ဒေါ်လာ(၀.၀၄၅)သန်း၊ ကာဗွန်မှုန့်တန်ဖိုးကန်ဒေါ်လာ(၀.၀၃၉) သန်း၊ ပန်းသီးတန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်း၊ ကော်စေ့ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁) သန်း၊ ဆေးသကြားတန်ဖိုး ကန်ဒေါ်လာ(၀.၀၃၀)သန်း၊အလူမီနီယံတံခါးဘောင်တန်ဖိုးကန်ဒေါ်လာ(၀.၀၂၆) သန်းနှင့်ဘိလပ် မြေအိတ်ခွံ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၁) သန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့မှ (၂၄) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၉.၈၈၂)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၅၀.၅၆၆) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၈၀.၄၄၈)သန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ အတက်ကုန်မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင်ကျပ် ၂၀၀/- နှုန်းဖြစ်ပါ သည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ် နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။

(၂၄-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား  ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ(၃၀၀၁.၃၂၂) နှုန်း ၊ ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၆၀၄.၈၂၁) နှုန်း၊ ကြေးနီ (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၂၆.၀၅၉) နှုန်း၊ ရော်ဘာ (၁) တန်လျှင်ကန်ဒေါ်လာ (၁၁၉၇.၁၆၉)နှုန်း၊မိကျောင်းကွမ်းဖတ်စေ့ (၁)တန်လျှင်ကန်ဒေါ်လာ(၉၄၉.၀၆၂)နှုန်း၊ကဏန်း(၁) တန်လျှင်ကန်ဒေါ်လာ(၃၇၉၉.၉၆၇)နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၈၇၄.၉၀၃) နှုန်း၊ ကွမ်းသီးလုံး (၁) တန်လျှင် ကန်ဒေါ်လာ (၁၄၉၆.၃၅၉)နှုန်း၊ ဆန်ကွဲ(၁) တန်လျှင် ကန်ဒေါ်လာ (၄၁၁.၁၆၃)နှုန်း၊မြေထောက်ပဲ (၁)တန်လျှင် ကန်ဒေါ်လာ(၁၄၆၉.၃၅၉) နှုန်း တင်ပို့နိုင်ခဲ့သည်။

(၁၈-၉-၂၀၂၃) ရက်နေ့ မှ (၂၄-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၃၈၁.၁၆၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၁၄၆) သန်း၊ ခဲသွပ်အရောသတ္တု(၁၄၅၃.၅၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၈၅၁)သန်း၊ ကဏန်း(၁၅၄.၇၇၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၅၉၁)သန်း၊ ကြက်သွန်နီ (၉၉၃.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၅၈၂)သန်း၊ ကြေးနီ (၁၇၁.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၈၅) သန်း၊  မြေထောက်ပဲ(၃၀၃.၅၀၀) တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၄၄၆)သန်း၊ ရော်ဘာ (၂၄၂.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၉၀) သန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၃၀၅.၅၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၉၀) သန်း၊ သကာရည် (၈၂၉.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၂၅၉) သန်းနှင့် လျှော်ဖြူ (၁၃၇.၀၀၀) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၂၅၃) သန်းတို့ဖြစ်သည်။

(၁၈-၉-၂၀၂၃)ရက်နေ့မှ (၂၄-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးအမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာယာဉ်နှင့် ယာဉ်ယန္တရားများတန်ဖိုးကန်ဒေါ်လာ(၄.၅၈၇)သန်း၊ SKDစနစ် ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်း တန်ဖိုး ကန်ဒေါ်လာ (၀.၇၄၁) သန်း၊ ဒီဇယ် ဆီတန်ဖိုး ကန်ဒေါ်လာ (၀.၃၀၂) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၂၈၅) သန်း၊ သံဘောင် တန်ဖိုးကန်ဒေါ်လာ(၀.၁၉၉)သန်း၊ပန်းသီး တန်ဖိုး ကန်ဒေါ်လာ(၀.၁၈၄) သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ(၀.၁၃၃) သန်း၊ ပဲမှုန့်တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၅) သန်း၊ ပိုးသတ်ဆေးတန်ဖိုး ကန်ဒေါ်လာ (၀.၀၈၇) သန်းနှင့် စတီးပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၃) သန်းတို့ဖြစ်သည်။

(၁၈-၉-၂၀၂၃) ရက်နေ့ မှ (၂၄-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများအားငါးရှဉ့်(၁) တန်လျှင် ကန်ဒေါ်လာ(၃၀၀၅.၅၃၁) နှုန်း၊ ခဲသွပ်အရောသတ္တု (၁) တန် လျှင်ကန်ဒေါ်လာ (၅၈၅.၅၇၁) နှုန်း၊ ကဏန်း (၁)တန်လျှင် ကန်ဒေါ်လာ (၃၈၁၉.၉၆၄) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၅၈၅.၆၇၅) နှုန်း၊ ကြေးနီ (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၂၆.၉၇၆)နှုန်း၊ မြေထောက်ပဲ(၁) တန်လျှင် ကန်ဒေါ်လာ (၁၄၆၉.၈၈၂) နှုန်း၊ ရော်ဘာ (၁) တန် လျှင်ကန်ဒေါ်လာ(၁၁၉၇.၅၂၂)နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့(၁)တန်လျှင် ကန်ဒေါ်လာ (၉၅၀.၄၅၆) နှုန်း၊ သကာရည်(၁)တန်လျှင် ကန်ဒေါ်လာ (၃၁၂.၃၅၅) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၈၄၃.၉၉၇) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန် လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News