International News

အမေရိကန်နိုင်ငံ၏ စတီး၊ အလူမီနီယမ် အကောက်ခွန်နှုန်းထားနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ခုံအဖွဲ့ထံသို့ တရုတ်နိုင်ငံမှ အယူခံဝင်

Last Updated:

အမေရိကန်နိုင်ငံ၏ လုံခြုံမှုဆိုင်ရာတိုင်းတာချက်များအရ စတီး၊ အလူမီနီယမ်တို့အပေါ် အကောက်ခွန်နှုန်းထား ဆိုင်ရာအစီရင်ခံစာနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့  ခုံအဖွဲ့ထံသို့ တရုတ်နိုင်ငံမှ အယူခံဝင်တင်ပြသွားမည် ဖြစ်သည်။ အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား အကောက်ခွန်နှုန်းဆိုင်ရာ အငြင်းပွားမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ညှိနှိုင်းဖြေရှင်းပေးခဲ့မှုအပေါ် ဆွေးနွေးအဖြေရှာရာတွင် တရုတ် နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ချမှတ်ထားသည့် စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိပဲ အမေရိကန်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ်တွင် အကောက်ခွန်ထပ်ပေါင်းကောက်ခံခဲ့ပါသည်။

အမေရိကန်နိုင်ငံ၏ စတီးနှင့်အလူမီနီယမ်တို့အပေါ် အကောက်ခွန်နှုန်းသတ်မှတ်ချက်များမှာ တစ်ဖက်သတ်ဆန်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့်ကိုက်ညီမှု မရှိကြောင်း တရုတ်နိုင်ငံမှ ပြောကြားထားကြောင်း သိရှိရ သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို လေးစားလိုက်နာစေလိုကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့် လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပါကြောင်း တရုတ်နိုင်ငံမှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

source: (ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: International News