International News

ဂျပန်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံ၏ Mato Grosso Do Sul State မှ မွေးမြူရေးကြက်များ တင်သွင်းမှုအား ရပ်ဆိုင်း

Last Updated:

ဘရာဇီးလ်နိုင်ငံ Mato Grosso do Sul ဒေသတွင် ပြင်းထန်သည့် တိရိစ္ဆာန်ကူးစက် ရောဂါတစ်ခု ပျံ့နှံဖြစ်ပွားခဲ့ သည့်နောက်ပိုင်း ဘရာဇီးလ်နိုင်ငံမှမွေးမြူရေးကြက်များ ဂျပန်နိုင်ငံသို့ တင်သွင်းခြင်းကို ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ် အစောပိုင်းကာလများက ဘရာဇီးလ်နိုင်ငံ၏ ပြည်နယ်နှစ်ခုမှ မွေးမြူရေး ကြက်တင်သွင်းမှုကို ယာယီရပ်ဆိုင်းခဲ့သော်လည်း အချိန်တိုအတွင်း ပြန်လည် ခွင့်ပြုပေးခဲ့သည်။

နှစ်နိုင်ငံအစိုးရများအနေဖြင့် ရောဂါဖြစ်ပွားသည့်ဒေသများအတွက်သာ တင်သွင်း/တင်ပို့ခြင်းကို ကန့်သတ်ရန် ယခင်က သဘောတူခဲ့ခြင်းဖြစ်သည်။ ဘရာဇီးလ်နိုင်ငံမှ ယခုကဲ့သို့ ပြင်းထန်ရောဂါပြန့်ပွားမှုဖြစ်စဉ်သည် ပထမဆုံး ဖြစ်စဉ်တစ်ခုဖြစ်ပြီး ကုန်သွယ်မှုအား မထိခိုက်စေသည့် ရောဂါပြန့်ပွားမှု မရှိခဲ့သော ပြည်နယ်များလည်း ကျန်ရှိ ကြောင်း၊ ဘရာဇီးလ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ မွေးမြူရေးကြက် တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် တိုင်းပြည်၏ မွေးမြူရေး ကြက် စုစုပေါင်း တင်ပို့မှု၏ ၁၇ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရသည်။

source: (ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: International News