ရွှေမန်း
လာမည့် အောက်တိုဘာလမှ စတင်ပြီး ပြည်ပဈေးကွက်ထံ မြန်မာ့ဆန်တင်ပို့မှု ပြန်လည်အားကောင်းလာမည်ဖြစ်ကြောင်းမြန်မာနို
လက်ရှိ မိုးတွင်းကာလမှာ ဆန်ပြည်ပတင်ပို့မှု လျော့နည်းနေပြီး တစ်ဖက်မှာလည်း သင်္ဘောတင်ဖြစ်သလို သိုလှောင်မှုအပိုင်းမှာလည်း အစိုဓာတ်ဖြစ်ပေါ်မှုတွေ ရှိနေသည်။ ၂၀၂၃ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်မှာတော့ ဆန်၊ ဆန်ကွဲ တန်ချိန် ၃ သိန်းကျော်၊ ၄ သိန်း နီးပါး တင်ပို့ထားကြောင်း သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်၊ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅သန်း ရောင်းချနိုင်ဖို့ ရည်မှန်းထားပြီး အဲ့ဒီကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိဖို့ မျှော်လင့်ထားသည်။
အိန္ဒိယ၏ ကမ္ဘာ့ဈေးကွက်ထဲ ဆန်ရောင်းချမှု ကန့်သတ်လိုက်ခြင်းကြောင့် ထိပ်တန်းဆန်တင်ပို့ သူတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ အပါအဝင် မြန်မာ့ဆန်ဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ထွက် ပစ္စည်းတွေကို ကြိုတင်စိစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှ ပို့ကုန် လိုင်စင် ခွင့်ပြုတဲ့စနစ်ကို ကျင့်သုံးနေကြောင်းဖြစ်သည်။
Source: မကွေးဂျာနယ်