Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှု အခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့်၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၀) ရက်နေ့မှ ( ၂၄ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၁၇၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၄၇၆) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၆၅)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာလ(၂၀)ရက်နေ့မှ( ၂၄ ) ရက်နေ့အထိ အဓိကတင်ပို့ ခဲ့သောကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၉၆.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၃၃)သန်း၊ ရွှံ့ဂဏန်း(အရှင်) (၅.၈၅)တန်၊တန်ဖိုးကန်ဒေါ်လာ(၀.၀၂၂၂)သန်း၊ဂျင်းခရု(အရှင်)(၂၆.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉၅) သန်း၊ဂဏန်း(အသေ)(၅.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၅) သန်း၊ ရေခူဆားနယ် (၁၀.၇)တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၅)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၈၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၇၉)သန်း၊ ငှက်ပျောသီး(၃၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၀၄)သန်း၊ ငရုတ်သီးစိမ်း (၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၈)သန်း၊ ဆီအုန်းကြိတ်ဖတ်(၁၀၀.၀၂)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၈၈)သန်း၊ ကြက်သွန်နီ(၆၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၃၉)သန်း၊ တံမြက်စည်း (၁၈၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၆) သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၆)တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ငါးစာ (၁၂၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁၆)သန်း၊ ပုစွန်စာ(၁၂)တန်၊တန်ဖိုးကန် ဒေါ်လာ(၀.၀၀၃၆)သန်း၊ကြွေပြားကပ်ကော်မှုန့်(၁၀)တန်၊တန်ဖိုးကန်ဒေါ်လာ(၀.၀၀၀၇)သန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း ငါးမျိုးစုံ(၁၂၈၁.၇)ဒေါ်လာနှုန်း၊(၉၆.၂)တန်၊တန်ဖိုးကန်ဒေါ်လာ(၀.၁၂၃၃)သန်း၊ရွှံ့ဂဏန်း (အရှင်) (၃၇၉၄.၈၇) ဒေါ်လာနှုန်း၊ (၅.၈၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၂၂၂) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၁.၉) ဒေါ်လာနှုန်း၊ (၂၆.၃)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၃၉၅)သန်း၊ ဂဏန်း (အသေ) (၁၁၈၁.၈၂) ဒေါ်လာနှုန်း၊ (၅.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၅)သန်း၊ ရေခူဆားနယ် (၁၉၁၅.၈၉) ဒေါ်လာနှုန်း၊ (၁၀.၇)တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၀၂၀၅)သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၁၁၂.၃၆)ဒေါ်လာနှုန်း၊ (၀.၈၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၇၉)သန်း၊ငှက်ပျောသီး(၂၉၇.၁၄)ဒေါ်လာနှုန်း၊ (၃၅)တန်၊ ကန်ဒေါ်လာ(၀.၀၁၀၄)သန်း၊ ငရုတ်သီးစိမ်း (၈၀၀) ဒေါ်လာနှုန်း၊ (၁)တန်၊ ကန်ဒေါ်လာ (၀.၀၀၀၈)သန်း၊ ဆီအုန်းကြိတ်ဖတ် (၈၇.၉၈) ဒေါ်လာနှုန်း၊ (၁၀၀.၀၂)တန်၊ ကန်ဒေါ်လာ(၀.၀၀၈၈)သန်း၊ ကြက်သွန်နီ(၆၆၅.၆၂၅)ဒေါ်လာနှုန်း၊ (၉၆)တန်၊ ကန်ဒေါ်လာ (၀.၀၆၃၉)သန်း၊တံမြက်စည်း(၁)ချောင်းလျှင်(၀.၂)ဒေါ်လာနှုန်း၊(၁၈၀၀၀)U၊ ကန်ဒေါ်လာ (၀.၀၀၃၆) သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းသစ်သီး(၂၈၃.၃၃)ဒေါ်လာနှုန်း၊ (၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၇) သန်း၊ ငါးစာ (၃၄၆.၆၇) ဒေါ်လာနှုန်း၊ (၁၂၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၄၁၆) သန်း၊ ပုစွန်စာ (၃၀၀) ဒေါ်လာနှုန်း၊ (၁၂) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၃၆) သန်း၊ ကြွေပြားကပ်ကော်မှုန့် (၇၀) ဒေါ်လာနှုန်း၊ (၁၀) တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၀၇) သန်းဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ(၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်းသိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၃-၉-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁)သိန်းလျှင်ဘတ်(၁၀၆၀)၊ (၁)ဘတ်လျှင်မြန်မာငွေကျပ်(၉၄.၃၄)ကျပ် ခန့်ရှိပါကြောင်း၊ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News