Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့တို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၅၄၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၆၅၅)သန်း နှင့် သွင်းကုန် တန်ချိန် ( ၁၉၄) ၊ BBL (၃၇၅)၊ တန်ဖိုး အမေရိကန် (၁) တန် ဈေးနှုန်း (၁၂၆၀) အမေရိကန်ဒေါ်လာ၊ ဘောင်းကြေးငါး တန်ချိန်(၅၃.၂၉၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၇၉၆၁.၀၀)၊ (၁) တန်ဈေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ပလာတူးခက်ငါး တန်ချိန် (၂၀၆.၉၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၆၇၆၃၇.၆၀)၊ (၁)တန်စျေးနှုန်း (၈၁၀)အမေရိကန်ဒေါ်လာ၊ ငါးချဉ်ပေါင် တန်ချိန်(၅၂.၄၄၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၉၂၂၀.၈၀)၊ (၁) တန်စျေးနှုန်း (၁၃၂၀) အမေရိကန်ဒေါ်လာ၊ ရေကြည်ငါးတန်ချိန် (၁၀.၉၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၇၃၃၁.၀၀)၊ (၁)တန် စျေးနှုန်း(၁၅၉၀)အမေရိကန်ဒေါ်လာ၊ ငါးလိပ်ကျောက်တန်ချိန် (၁.၂၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၄၈၄.၀၀)၊ (၁) တန်စျေးနှုန်း (၂၀၇၀)အမေရိကန်ဒေါ်လာ၊ ကုလားကုတ်ငါး တန်ချိန် (၂.၀၂၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၁၅၁.၂၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ ငါးစက္ကူတန်ချိန် (၁.၂၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၆၆၂.၄၀)၊ (၁)တန်စျေးနှုန်း (၂၀၈၀)အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်းငါး တန်ချိန်(၉.၇၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၈၁၁.၀၀)၊ (၁)တန်စျေးနှုန်း (၁၆၃၀) အမေရိကန်ဒေါ်လာ၊ ဆီအုန်း တန်ချိန် (၁၂၀) ၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၀၀၀.၀၀)၊ (၁)တန်စျေးနှုန်း (၈၃.၃၃) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ဒီဇယ် တန်ချိန် (၅၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၈၀၀၀)၊ (၁) တန်ဈေးနှုန်း (၉၆၀) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန် (၉၀.၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၆၀၀၀.၀၀)၊ (၁) တန်ဈေးနှုန်း (၅၁၁.၁၁) အမေရိကန် ဒေါ်လာ၊ အိုင်အိုဒင်းဆား တန်ချိန်(၁၀၃.၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၀၀၀.၀၀)၊ (၁) တန် ဈေးနှုန်း (၈၇.၃၈) အမေရိကန်ဒေါ်လာ ဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းမြို့(၂၅-၉-၂၀၂၃)ရက်နေ့ ကျပ်/ဘတ် ငွေလဲနှုန်းနှင့် စက်သုံးဆီစျေးနှုန်း

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၂၅-၉-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၆၉.၅၀)ဘတ်၊ (၁) ဘတ် လျှင် မြန်မာငွေ (၉၃.၅၀) ကျပ်ခန့် (၂၄-၉-၂၀၂၃) နှင့် နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်ဖြင့် ကျဆင်းလျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News