Local News

ဆိပ်ဖြူမြို့နယ်ဒေသထွက် မြေပဲဆီဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ(မိုး)မြေပဲသစ်များမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းမှစ၍ လှိုင်လှိုင်ပေါ်လျက်ရှိသော်လည်း မြေပဲဈေးကွက်အေး၍ အရောင်းအဝယ်နည်းကြောင်း မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

နိုဝင်ဘာလ(ဒုတိယပတ်)တွင် မြေပဲတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ် (၃၀၀၀)၊ တစ်တင်းလျှင် ကျပ်(၂၄၀၀၀)ဈေးနှုန်းပေါက်ကြောင်း၊ မြေပဲလုံးဆံ(သေး)အဖြူတစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ မြေပဲဆံ(ဟောင်း)တစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ်(၅၆၀၀-၅၇၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲဆီတစ်ပိဿာလျှင် ပဲဆုံဆီ ကျပ်(၁၄၅၀၀)၊ ပဲစက်ဆီ ကျပ်(၁၃၀၀၀)၊ ပဲကျစက်ဆီ ကျပ်(၉၅၀၀)ဈေးဖြင့် ရောင်းချလျက်ရှိသည်။

မြေပဲဆီများကို ဒေသတွင်းရောင်းချဖြန့်ဖြူးမှုသာမက ရန်ကုန်၊ နေပြည်တော်မြို့များသို့ အများဆုံးဖြန့်ဖြူးလျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မြေပဲဆီပိဿာ(၆၀၀)ခန့်တင်ပို့လျက်ရှိကြောင်း၊ မြေပဲကြိတ်ဖတ်များကိုလည်း ဆင်ဖြူကျွန်းမြို့သို့ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)ဖြင့် အများဆုံးတင်ပို့ပြီး ယခုအချိန်၌ မိမိတို့ဒေသတွင် ကြက်သွန်နီစိုက်ပျိုးရာသီချိန်ဖြစ်၍ တောင်သူများက စိုက်ခင်းတွင် သွင်းအားစုအဖြစ်သုံးစွဲရန် ဝယ်ယူမှုများကြောင်း မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News