Local News

ပြည်စားတော်ပဲနှစ်စဉ်ဈေးကောင်းရလျက်ရှိပြီး လက်လီသမားများဖြင့်အရောင်းအဝယ်ဖြစ်နေ

Last Updated:

ပြည်ပဲဈေးကွက်မှာ လက်လီသာအရောင်းအဝယ်ဖြစ်သော်လည်း ဈေးကောင်းရနေသည့်သီးနှံမှာ စားတော်ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံဆိုလျှင် ပဲပြုတ်ရောင်းချသူများနှင့် အခြား လက်လီသမားများဝယ်ယူမှုရှိသောကြောင့် တစ်ရက်လျှင် ၁၅ အိတ်၊ ၂၀ ကျော်ရောင်းချမှုဖြစ်ပြီး ပဲဈေးနှုန်းမှာ ပိဿာ၂၀ တစ်တင်း ၁၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားတော်ပဲ   သီးနှံသည်   နှစ်စဉ်လိုလိုဈေးကောင်းရလျက်ရှိလို့   ဈေးကွက်အတွင်း   ဈေးကောင်းဝင်သီးနှံ   အမျိုးအစားထဲပါဝင်နေခဲ့ပါသည်။   ယခင်နှစ်ကလည်း   စားတော်ပဲသီးနှံတစ်တင်း  (၁၂၀၀၀၀) ကျပ် ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့၍ ပဲဈေးကွက် အတွင်းဈေးအမြင့်ဆုံး သီးနှံဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News