Local News

ပြည်ပဲကြီးသီးနှံ ဈေးကောင်းရလျက်ရှိကာပဲကြော်ဖိုလုပ်ငန်းသမားများပုံမှန်ဝယ်ယူ

Last Updated:

ပြည်ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့် နေ့စဉ်ရောင်းဝယ်လျက်ရှိသောပဲကြီးသီးနှံမှာ ဒေသတွင်း ပဲကြော်ဖိုသမားများ ဝယ်ယူမှုရှိတယ်လို့ သိရပါသည်။ တစ်ရက်လျှင် အိတ်၂၀၀/၂၅၀ ကျော် အရောင်းအဝယ်ဖြစ်ပြီး ပဲဟောင်းလက်ကျန်များဖြင့် ရောင်းဝယ်မှုရှိကြပါသည်။ ပဲသစ်ဝင်ရောက်မှု မရှိသေးဘဲ ပဲဟောင်းများဖြင့်သာ ရောင်းဝယ်နေကြသည့်အတွက် ပဲအရည်အသွေး ဈေးလိုက်၍ ဈေးကွာခြားမှုရှိပါသည်။ ပဲကြီး (ရွှေကျွန်း) တစ်တင်း (၁၃၀၀၀၀)ကျပ်၊ ကမ်းနားအထိဆင်း (၁၂၅၀၀၀) ကျပ် တို့ဖြင့် ရောင်းဝယ်နေကြပြီး ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအားကောင်းသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများ တက်ဈေးရှိကာ ဈေးကွက်အတွင်းဈေးကောင်းရနေသော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News