Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၅-၁-၂၀၂၄ မှ ၂၉-၁-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများအခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၃၀၀၂၀၀၀၊ မတ်ပဲ SQ/RC   (2023 Crop) ကျပ် ၃၂၉၂၀၀၀ နှင့်  ပဲစင်းငုံ Red/RC(2023 Crop) ကျပ် ၃၆၅၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲFAQ/ RC(2023 Crop) ကျပ် ၁၆၃၀၀၀၊ မတ်ပဲ SQ/RC (2023 Crop) ကျပ် ၁၆၃၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop ) ကျပ် ၁၈၇၅၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) နှင့် ပဲစင်းငုံ Red/RC(2023 Crop) ကွန်တိန်နာ ၃၅ လုံး (တန်ချိန် ၈၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2023 Crop)  ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) နှင့် ပဲစင်းငုံ Red/RC(2023 Crop) ကွန်တိန်နာ ၄၅ လုံး (တန်ချိန် ၁၀၈၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2023 Crop)  ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) လျော့နည်းဝင်ရောက်ခဲ့ပြီး  ပဲစင်းငုံ Red/RC(2023 Crop) ကွန်တိန်နာ ၁၀လုံး(တန်ချိန် ၂၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီ ကျပ် ၁၁၀၀၀၊ ရှမ်းငရုတ်ရှည် ကျပ် ၁၀၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၅၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၅၀၀၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ်(သစ်) AC ကျပ် ၅၀၀၊ မြှားနီ ကျပ် ၁၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၀၀၀၊ မြစ်ဝ(ပု)သစ် ကျပ် ၁၀၀၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုတ်သီးမှာဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၂၆၀၀ ( ၅၂၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀၀ ( ၇၅၀၀ ပိဿာ)  ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၄၀၀(၄၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀၀ (၇၅၀၀ ပိဿာ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၂၀၀ (၄၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်းသီး

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၄၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၂၉၀၀၊ မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၁၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး ဈေးများငြိမ်လျက်ရှိကြောင်း သိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၇၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၂၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၉၀၀၊ ကြံသကာ(စစ်) ကျပ် ၄၀၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၃၉၃၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာ နှင့် သကြား ဈေးများငြိမ်လျက်ရှိသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News