Local News

တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့ရန် လုပ်ဆောင်နေ

Last Updated:

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဆံများကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့နိုင်ရန် လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။ တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှုသည် တရုတ်-မြန်မာ နယ်စပ်ဒေသတွင်  ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပြောင်းများကိုသာ တင်ပို့မှုရှိနေခြင်းဖြစ်ပြီး တစ်ခြားဒေသမှထွက်ရှိသည့် ပြောင်းများကို  တင်ပို့မှုမရှိသည်မှာ ကြာမြင့်နေပြီဖြစ်တယ်လို့ သိရသည်။

မြန်မာ့ပြောင်းဆံအား ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ဆောင်ရွက်လျက်ရှိရာ ယင်းကာလ ကုန်ဆုံးချိန်တွင် တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့နိုင်ရန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါသည်။

တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရန် တရုတ်ကုန်သည်များနှင့် မြန်မာကုန်သည်များ ဈေးနှုန်းညှိနှိုင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များထံမှ သိရပါသည်။ ဒါ့အပြင် တရုတ်နိုင်ငံတွင် ကျင်းပမည့် ကုန်စည်ပြပွဲများမှတစ်ဆင့်လည်း မြန်မာ့ပြောင်းတင်ပို့ခွင့်ရရှိရေးအတွက် အခွင့်အလမ်းများရရှိနိုင်ရန် မျှော်မှန်းထားတယ်လို့ ဆိုပါသည်။

Source: https://www.opinionleadersmm.com   

Category: Local News