Local News

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း သွေးခုံးပိဿာချိန် ပိုမို တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း သွေးခုံးပိဿာချိန် ပိုမို တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြောင်းမြမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြသည်။ မြောင်းမြမြို့နယ်မှ ဒေသထွက်ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း သွေးခုံးပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါတင်ပို့ရောင်းချခဲ့သည့် သွေးခုံး ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ သွေးခုံးတွေ ရန်ကုန်ဈေးကွက်ကို တင်ပို့မှုကောင်းခဲ့ပါတယ်။ ဒေသထွက် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့တာပါ။ ပြည်တွင်းမှာကို သွေးခုံးအမျိုးအစားတွေက ဝယ်ယူမှုများနေပါတယ်။ ဒီဇင်ဘာလမှာ သွေးခုံးပိဿာချိန် ၅၅၀၀၀ ထိ သာတင်ပို့ရောင်းချခဲ့ရပါတယ်။ ဇန်နဝါရီလမှာတော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိမှာလဲ သွေးခုံးတွေအပါအဝင် ဒေသထွက်ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်” ဟု မြောင်းမြမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြသည်။ မြောင်းမြမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ရေထွက်ကုန်သွေးခုံးများ တင်ပို့ရောင်းချနိုင်သည့်အတွက် ရေလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ အရောင်းအဝယ်လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း၊ အဆိုပါဒေသမှ ရန်ကုန်ဈေးကွက်သို့ သွေးခုံးများ အပါအဝင် အခြားရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်များလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ      

Category: Local News