မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်သို့ ပဲစင်းငုံအသစ်များ ဒီဇင်ဘာလ လယ်မှစ၍ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ နောက်မိုးများခြင်းကြောင့် ပဲစင်းငုံအရည်အသွေးကျဆင်းပြီး အချို့မှာအစေ့အဆံမအောင်ခြင်း၊ အထွက်နှုန်းလည်း သိသိသာသာ ကျဆင်းနိုင်သည်ဟု ကုန်သည်တစ်ဦးထံမှ သိရှိရသည်။
ပဲစင်းငုံကို အိန္ဒိယမှအများဆုံးဝယ်ယူနေပြီး ဝယ်လိုအားပေါ်မူတည်၍ ဈေးအတက်အကျ ဖြစ်ပေါ်လျက်ရှိနေသည်။ ယခုတစ်ပတ်တွင် ပဲစင်းငုံ(အသစ်)ဈေးအနည်းငယ် မြင့်တက်လျက်ရှိနေပြီး ပေါ်စဖြစ်၍ဈေးကွက်ထဲသို့ အနည်းငယ်သာ ဝင်ရောက်လျက်ရှိသည်။ အရည်အသွေးပေါ်မူတည်၍ လည်း ဈေးနှုန်းကွာခြားမှု ရှိနေသည်။
ပဲစင်းငုံဈေးနှုန်းများမှာ ယခင်တစ်ပတ်တွင် ပဲစင်းငုံ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၇၉၅၀၀)၊ ယခုတစ်ပတ်တွင် ပဲစင်းငုံ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၈၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သည့်အတွက် ပဲစင်းငုံ ၂၀ ပိဿာတစ်တင်းလျှင် ကျပ် (၂၅၀၀)အထိ ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး ပဲစင်းငုံအသစ်များပေါ်ချိန်တွင် ဈေးကွက်ထဲသို့တစ်ရက်လျင် အိတ်(၁၀၀)မှ(၃၀၀)အတွင်း ဝင်ရောက် ၍ လှောင်လက်များမှအဝယ်ရှိနေကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး