မကွေးမြို့ပေါ်ရှိဈေးများတွင် အာလူးဈေးများ ယခင်ထက်ဈေးကျလာကြောင်း ဈေးကွက် အရသိရှိရသည်။ ရှမ်းအာလူးများကို စားသုံးမှုများသော်လည်း စားသောက်ဆိုင်များမှာ တရုတ်အာလူး များကို အသုံးများကြသည်။ ဒေသထွက်အာလူးများသည် ထွက်ပေါ်ချိန်မှသာ စားသုံးကြရပြီး ရှမ်း အာလူးကိုသာ အများဆုံးစားသုံးကြရသည်။ အာလူးအရည်အသွေးများ ကျဆင်းခြင်းကြောင့် ဈေးအနည်းငယ် ပြန်ကျလာခြင်းလည်းဖြစ်သည်။
ဈေးကျလာခြင်းကြောင့် အာလူးစားသုံးမှုများလာပြီး အရောင်းအဝယ်လည်း သွက်လာသည်။ အာလူးသည်ဟင်းအဖြစ်လည်းကောင်း၊ မုန့်အဖြစ်လည်းကောင်း၊ အာလူးကြော်အဖြစ် လည်းကောင်း အမျိုးမျိုးစားသုံး၍ရသဖြင့် စားသုံးမှုများသည့် စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည်။
အာလူးဈေးများမှာ အရွယ်အစားအလိုက် ဈေးကွာခြားပြီး နိုဝင်ဘာလတွင် အာလူး တစ်ပိဿာလျှင် ကျပ်(၅၀၀၀/၆၅၀၀/၇၀၀၀)ဈေးအထိရှိနေပြီး ယခုဒီဇင်ဘာလတွင် အာလူး တစ်ပိဿာလျှင် ကျပ်(၄၅၀၀/၅၅၀၀/၆၅၀၀) ဈေးသာရှိသည့်အတွက် ယခင်လထက် ကျပ်(၅၀၀/ ၁၀၀၀)ဈေးကျလျက် အရောင်းအဝယ်ဖြစ်နေသည်။
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး