မန္တလေးကုန်စည်ဒိုင်၌မတ်လတတိယပတ်တွင်အရည်အသွေးကောင်းသည့်ပဲကြီးအသစ်များဝင်ရောက်နေပြီးပဲကြော်ပဲလှော်လုပ်ငန်းရှင်များနှင့်လှောင်လက်များပုံမှန်ဝယ်ယူမှုရှိနေခြင်းကြောင့်ဈေးနှုန်းမြင့်တက်လာကြောင်းသိရသည်။
ပဲကြီး ၅၅.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၉၀၀၀၀မှ ၅၂၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၄၄၀၀၀၀ မှ ၄၅၀၀၀၀၊ ယခင်လကျပ် ၃၈၀၀၀၀မှ ၃၉၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၀ မှ ၇၀၀၀၀၊ ယခင်တစ်ပတ်ထက် ကျပ် ၁၁၀၀၀၀ မှ ၁၃၀၀၀၀ ခန့်ဈေးနှုန်း မြင့်တက်လာသည်။
ပဲကြီး(လတ်) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၆၀၀၀၀ မှ ၄၈၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၉၀၀၀၀ မှ ၄၂၀၀၀၀၊ ယခင်လကျပ် ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၆၀၀၀၀မှ ၇၀၀၀၀၊ ယခင်လထက် ကျပ် ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ခန့် ဈေးနှုန်း မြင့်တက်လာသည်။
ပဲကြီး(သေး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၀၀၀၀၀ မှ ၄၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၅၀၀၀၀မှ ၃၆၀၀၀၀၊ ယခင်လ ကျပ် ၂၉၀၀၀၀မှ ၃၀၀၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၀မှ ၆၀၀၀၀၊ ယခင်လထက် ကျပ် ၁၁၀၀၀၀မှ ၁၂၀၀၀၀ ခန့် ဈေးနှုန်း မြင့်တက်လာသည်။