ပခုက္ကူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများမှ ထွက်ရှိသော ကြက်သွန်နီများကို ပခုက္ကူကုန်စည်ဒိုင်သို့ လာရောက်ရောင်းချ၍ ကြက်သွန်နီများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေး အနည်းငယ်ကျဆင်းလာပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း ဈေးနှုန်းများမှာ ကြက်သွန်နီထိပ်စတစ်ပိဿာ လျှင် ၁၂၅၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၉၅၀ ကျပ်နှင့် အသေးတစ်ပိဿာလျှင် ၃၀၀ ကျပ် ဈေးတို့ဖြင့် တစ်ပတ်လျင်ကုန်ချိန် ပိဿာ ၂၀၀၀၀ မှ ၄၃၀၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်အတွင်း ဈေးနှုန်းများမှာ ကြက်သွန်နီထိပ်စတစ်ပိဿာ လျှင် ၁၁၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၉၀၀ ကျပ်နှင့် အသေးတစ်ပိဿာလျှင် ၃၀၀ ကျပ် ဈေးတို့ဖြင့် တစ်ပတ်လျင်ကုန်ချိန် ပိဿာ ၂၇၀၀၀ မှ ၅၇၀၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်နှင့် ဒီဇင်ဘာလ ပထမအပတ်တို့ ဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန်နီထိပ်စတစ်ပိဿာလျင် ၁၅၀ ကျပ်နှင့် အလတ်တစ်ပိဿာလျင် ၅၀ ကျပ် အထိ ဈေးနှုန်းများအနည်းငယ်ကျဆင်းလာကြောင်း ပခုက္ကူကုန်စည်ဒိုင် ဈေးကွက်သတင်းအရသိရှိ ရသည်။
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး