ဥရောပကော်မရှင်က ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင်စတင်အသက်ဝင်မည့် သစ်တောပြုန်းတီးမှုနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသည့် ကုန်စည်နှင့် ထုတ်ကုန်များ တင်ပို့ရောင်းချခြင်းအပေါ် ထိန်းချုပ်ထားသည့် ဥရောပ သစ်တောပြုန်းတီးမှု ကင်းစင်ရေးစည်းမျဉ်းဥပဒေ(EU Deforestation Regulation - EUDR) အား အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စအပေါ် ဥရောပနယ်ပယ်ဒေသအတွင်းရှိ စက်မှု လုပ်ငန်းများ၊ အဖွဲ့ဝင်နိုင်ငံအချို့နှင့်ကုန်သွယ်ဖက်များက ဖိအားပေးကန့်ကွက်မှုများ ဆောင်ရွက် လာပြီးသည့်နောက် ဥရောပကော်ရှင်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်တွင် EUDR အကောင်အထည်ဖော်မှု နောက်ဆုံးရက်ကို (၁) နှစ် သက်တမ်းတိုးရန် ဥရောပကောင်စီသို့ တရားဝင်အဆိုပြုခဲ့ရာ ကောင်စီက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်တွင် သဘောတူခဲ့ပြီး ဥရောပပါလီမန်သို့ အဆိုပြုတင်ပြရန် ဆုံးဖြတ်ခဲ့ပါသည်။ ဥရောပပါလီမန်မှ သဘောတူကြောင်း ဆုံးဖြတ်ပါက လုပ်ငန်းရှင်ကြီးများနှင့် ကုန်သွယ်မှု ဆောင်ရွက်နေသည့် လုပ်ငန်းများအနေဖြင့် ၃၀-၁၂-၂၀၂၅ ရက်မှ စတင်၍လည်းကောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) များအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှ စတင်၍လည်းကောင်း EUDR အကောင် အထည်ဖော်မှုကို လိုက်နာဆောင်ရွက်ရန် ရှိမည်ဖြစ်ပါသည်။
အီးယူပါလီမန်သည် ကော်မရှင်၏ အဆိုပြုချက်ကို ယခုနှစ်အကုန်တွင် တရားဝင် အတည် ပြုရန်ရှိပြီး အီးယူ၏ တရားဝင်အသိအမှတ်ပြုဂျာနယ်တွင် ထည့်သွင်းထုတ်ဝေသွားရန် ရည်ရွယ် ထားပါသည်။ EUDR အတွက် လိုအပ်ချက်များနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာမူဘောင်ကို ရှင်းလင်းစွာသိရှိနိုင်ရန် ရည်ရွယ်၍ မကြာခဏ မေးမြန်းလာကြသည့် မေးခွန်းများအတွက်လည်း ကော်မရှင်က အသေးစိတ်လမ်းညွှန်ချက်စာတမ်းကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ကောင်စီ၏အဆိုပြုချက်ကို ပါလီမန်က အတည်ပြုလိုက်ပါက Stakeholder များ အတွက် EUDR ကို လိုက်နာဆောင်ရွက်နိုင်ရန် ပြင်ဆင်ချိန် (၁) နှစ်ရရှိသွားမည်ဖြစ်ပြီး၊ အီးယူ အတွက်လည်း အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ် ပါသည်။
EUDR သည် ကမ္ဘာလုံးဆိုင်ရာ သစ်တောပြုန်းတီးမှုနှင့် သစ်တောပြုန်းတီးမှုအပေါ် အီးယူ ၏ အကျိုးသက်ရောက်မှုကိုလျှော့ချရန် ရည်ရွယ်ထားသော အီးယူ၏ အငြင်းပွားဖွယ်ရာစည်းမျဉ်း တစ်ခုဖြစ်ပါသည်။ EUDR အရ ပဏာမအားဖြင့် ဆီအုန်း၊ ကျွဲနွား၊ ထင်း၊ ကော်ဖီ၊ ကိုကိုး၊ ရာဘာ၊ ပဲပိစပ် အစရှိသည့် ကုန်စည်(၇)မျိုးနှင့် ယင်းတို့နှင့် ဆက်စပ်နေသည့် ထုတ်ကုန်များအတွက် ကနဦး လျှောက်ထားရမည်ဖြစ်ပြီး၊ လျှောက်ထားရန် လိုအပ်သည့် ကုန်စည်များအတွက် Custom Code များကို EUDR တွင် နောက်ဆက်တွဲအဖြစ် ဖော်ပြပေးထားကြောင်း သိရှိရပါသည်။
EUDR အရ အီးယူဈေးကွက်သို့ ဝင်ရောက်မည့်ကုန်စည်များ (သို့မဟုတ်) အီးယူမှ တင်ပို့မည့် ကုန်စည်များ တရားဝင်ဖြစ်စေရေးအတွက် ၎င်းကုန်စည်များကို ထုတ်လုပ်သည့်နေရာသည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီသည့် ထုတ်လုပ်ခွင့်ရှိသော နိုင်ငံဟုတ်-မဟုတ်၊ သစ်တော ပြုန်းတီးမှုကင်းစင်ခြင်းရှိ- မရှိ၊ ဆိုလိုသည်မှာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁)ရက် နောက်ပိုင်းတွင် သစ်တောပြုန်းတီးမှုကင်းစင်ရန် သတ်မှတ်ထားသော မြေနေရာများပေါ်တွင် ထုတ်လုပ်ခြင်းရှိ-မရှိ အစရှိသည်တို့ကို သေချာစွာ ခွဲခြမ်းစိတ်ဖြာပေးနိုင်မည့် operators and traders များပါ လိုအပ်မည်ဖြစ်ပြီး၊ ယင်းထုတ်ကုန်များ အီးယူစျေးကွက်သို့ ဝင်ရောက်ရန် သတ်မှတ်ချက် များနှင့် ကိုက်ညီကြောင်း သက်သေပြနိုင်ရေးအတွက် operators and traders များအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် သက်ဆိုင်ရာ မြေကွက်အားလုံး၏ ပထဝီဝင်အနေအထားတည်နေရာကို အကဲဖြတ်ခြင်းနှင့် အန္တရာယ်ကင်းရှင်း လျော့ပါးရေးစသည်တို့ကို သိရှိထားရန် လိုအပ်မည်ဖြစ် ပါသည်။
EUDR လျှောက်ထားရာတွင် လိုအပ်ချက်များ များပြားရှုပ်ထွေးနေသည့်အတွက် ကုန်စည် ထုတ်လုပ်သည့်နိုင်ငံများ၊ အီးယူရှိ စီးပွားရေးလုပ်ငန်းကြီးများနှင့်အီးယူအဖွဲ့ဝင်နိုင်ငံများက အကောင် အထည်ဖော်ရမည့် ရက်သတ်မှတ်ချက်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ပါသည်။ EUDR စံသတ်မှတ်ခြင်းစနစ်အရ ခွဲခြားဆက်ဆံခံရနိုင်ဖွယ်ရှိသော သဘောသဘာဝအပေါ် အီးယူ ၏ ကုန်သွယ်ဖက်နိုင်ငံများက အထူးစိုးရိမ်လျက်ရှိပါသည်။ တစ်ဖက်တွင် အကောင်အထည်ဖော် ရမည့် သတ်မှတ်ရက်များအား ရွှေ့ဆိုင်းလိုက်ခြင်းနှင့် ကော်မရှင်မှ အကောင်အထည်ဖော်မှုဆိုင်ရာ ဥပဒေထုတ်ပြန်လိုက်ခြင်းသည် WTO အဖွဲ့ဝင်များအကြား အီးယူ၏ ပွင့်လင်းမြင်သာရှိမှုကို ပြသ ရာရောက်သဖြင့် အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ကြောင်း ရှုမြင်နိုင်ပေသည်။
EUDR အတွက် လိုအပ်ချက်များမှာ အခြားသော စည်းမျဉ်းဥပဒေများနှင့် ကွဲပြားလျက်ရှိရာ ကုန်သွယ်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (သို့မဟုတ်) အခြားသော ပြင်ပအဖွဲ့အစည်းများမှ အတည်ပြုထားသော အစီအစဉ်များသည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေသူများအတွက် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ အရေးကြီးသော အစိတ်အပိုင်းကောင်းများ ဖြစ်နိုင် သော်လည်း EUDR အတွက်မူ ၎င်းတို့မှာ ဆုံးရှုံးနိုင်ခြေများ အတွက် လိုအပ်သော အချက်အလက် များသာဖြစ်ပြီး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာမူဘောင်ဆိုင်ရာ ချိတ်ဆက် ဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုသာ ဖြစ်ပါသည်။
ထို့ပြင် EUDR အကောင်အထည်ဖော်ရန် သတ်မှတ်ရက်တိုးမြှင့်လိုက်ခြင်းသည် စီးပွားရေး ဆောင်ရွက်နေသူများနှင့် ကုန်သည်များအတွက် supply chains ကဲ့သို့သော ကိစ္စရပ်များကို EUDR နှင့် လိုက်လျောညီထွေဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ချိန် ပိုမိုရရှိသွားမည်ဖြစ်သကဲ့သို့ ကုန်သည်များအနေဖြင့် ၎င်းတို့၏ Profile များကို Information System တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး၊ EUDR လျှောက်ထား ခြင်းမပြုမီ လိုအပ်ချက်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ကြိုတင်စမ်းသပ်ခြင်း၊ Statement တင်သွင်းခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
EUDR တွင် အီးယူပြင်ပနိုင်ငံများမှ တင်သွင်းလာသော food and feed products များ အတွက် Pre- arrival notifications များကို အီးယူအဖွဲ့ဝင်နိုင်ငံများက တောင်းဆိုနိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထား သော နယ်စပ်ထိန်းချုပ်ရေးစခန်းများတွင် တရားဝင်ထိန်းချုပ်မှုများ ပြုလုပ်မည့်ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ အပင်များ၊ အပင်ထွက်ပစ္စည်းများနှင့် အခြား သော ဆက်စပ်ပစ္စည်းများကို အပင်များ၏ပိုးမွှားများ အကာအကွယ်ပေးခြင်းဆိုင်ရာ စည်းမျဉ်း များအရ ဥပဒေနှင့်အညီ ထိန်းချုပ်မှုများဆောင်ရွက်သွားမည့်ကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဖော်ပြထားပြီး တိရစ္ဆာန်များနှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ အီးယူသို့ ဝင်ရောက်မှုအတွက် ကန့်သတ် ထိန်းချုပ်ထားသော သတ်မှတ်ချက်များကိုပါ ဖော်ပြထားပါသည်။ သတ်မှတ်ချက်နှင့် အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥရောပသမဂ္ဂအတွင်းသို့ ဈေးကွက်ဝင်ရောက်ခွင့်တွင် ပြစ်ဒဏ်များ၊ ဒဏ်ငွေများ၊ (သို့မဟုတ်) ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ခြင်းကို ခံရမည်ဖြစ်ပြီး၊ အကျိုးဆက်အဖြစ် လိုက်နာမှုမရှိသည့်အတိုင်းအတာအလိုက် စည်းမျဉ်းဥပဒေအရ ပြဋ္ဌာန်းချက် များအပေါ်မူတည်၍ ပြစ်ဒဏ်အမျိုးမျိုးကွဲပြားသွားနိုင်ပါသည်။
ထို့ပြင် အီးယူသို့ ဝင်ရောက်လာမည့် ပြင်ပနိုင်ငံများမှ food and feed products များ အတွက် Pre- arrival notifications များတောင်းခံနိုင်မည့် Regulation မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်တွင် စတင် အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ပြီး၊ ယင်း Regulation အရ ကုန်သည်များ အနေဖြင့် ဥရောပသမဂ္ဂသို့ ဝင်ရောက်လာမည့် ကုန်စည်များအတွက် WTO ၏ Committee on Sanitary and Phytosanitary Measures သို့လည်း အသိပေး အကြောင်းကြားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ (EUDR နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်များအား သိရှိလိုပါက အောက်တွင် ဖော်ပြထားသော Link သို့ဝင်ရောက်၍ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေ၊ Acts များနှင့် ဆုံးဖြတ်ချက် များအား လေ့လာ ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။
Source: http://www.fratinivergano.eu/en/21-october-2024/#EUDR
စီးပွားရေးသံမှူး၊ ဘာလင်မြို့။