အိန္ဒိယအစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ ပဲနီလေးတင်သွင်းမှုအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး စားတော်ပဲ (Yellow Peas) လွတ်လပ်စွာ တင်သွင်းမှု ကို ပြည်တွင်းဈေးကွက်ဖူလုံမှုမြှင့်တင်နိုင်ရန်အတွက် ယခုနှစ်၊ မေလ ၃၁ ရက်အထိ ၃ လ သက် တမ်းတိုးလိုက်ကြောင်း၊ အဆိုပါ အမိန့်ကြော်ငြာစာအရ အစိုးရသည် မတ် ၈ ရက်မှ စတင်ကာ ပဲနီလေးအပေါ် အခြေခံအကောက်ခွန် ၅ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေး၊အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စည်းကြပ်မှု ၅ ရာခိုင်နှုန်းကို ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ယခင်က ပဲနီလေး တင်သွင်းမှုကို အိန္ဒိယက အခွန်ကင်းလွတ်ခွင့်ဖြင့် ခွင့်ပြုပေးထားခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယအစိုးရက စားတော်ပဲအား အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၈ ရက်အထိ သုံးကြိမ် သက်တမ်း တိုးပြီး ခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုသည် စုစုပေါင်း တန်ချိန် ၆၇ သိန်းရှိရာ စားတော်ပဲတင်သွင်းမှုသည် တန်ချိန် ၃၀ သိန်းအထိရှိခဲ့သည်။
အိန္ဒိယသည် စားတော်ပဲအား အခွန်လွတ်ဖြင့် တင်သွင်းခွင့်ကို ယခင်နှစ်က မတ်ပဲနှင့် ပဲစဉ်း ငုံ ဈေးနှုန်းများကြီးမြင့်သည့်အချိန်တွင် စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ပဲစဉ်းငုံ လွတ်လပ်စွာတင်သွင်းခွင့်အား ၂၀၂၆ ခုနှစ်၊ မတ်လ ကုန်အထိ တိုးမြှင့်ခွင့်ပြုပေးထားသော်လည်း မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တစ်မျိုးဖြစ်သည့်မတ်ပဲအား လွတ်လပ်စွာတင်သွင်းခွင့်ကို သက်တမ်း တိုးမြှင့်ခြင်းမရှိသေးသည့်အတွက် ဆက်လက်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြ အပ်ပါသည်။
Source: Govt levies 10 pc duty on mosur dal; extends free import of yellow peas till May 31, The Economic Times, 9 March, 2025.