International News

Bitcoin အရန်ငွေ တည်ထောင်ခြင်းနှင့် အမေရိကန်ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများ သိုလှောင်ထိန်းသိမ်း

Last Updated:

အမေရိကန်သမ္မတသည် Bitcoin အရန်ငွေ တည်ထောင်ခြင်းနှင့် အမေရိကန်ဒစ်ဂျစ်တယ်  ပိုင်ဆိုင်မှုများ သိုလှောင်ထိန်းသိမ်းခြင်း (Establishment of The Strategic Bitcoin Reserve and United States Digital Asset Stockpile) သမ္မတအမိန့်ကို ၆-၃-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းသမ္မတအမိန့်ပါ အဓိကအချက်များကို အောက်ပါအတိုင်း တင်ပြအပ်ပါသည် -

(က)    ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်သည့် Bitcoin (BTC) သည် ထုတ်ဝေအသုံးပြုလျက်ရှိ သော စုစုပေါင်းငွေကြေးအရေအတွက် (၂၁) သန်းရှိပြီး အချက်အလက်များကို ရယူ နှောင့်ယှက်အသုံးပြုသူများဖြစ်သည့် Hacker များ၏ တိုက်ခိုက်ခြင်းကို မခံခဲ့ရသဖြင့် “ဒစ်ဂျစ်တယ်ရွှေ (Digital Gold)” အဖြစ် တင်စားခေါ်ဝေါ်ကြသည့် ငွေကြေးတစ်ခု ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံသည် Bitcoin ငွေကြေးအများအပြား ပိုင်ဆိုင်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဘဏ္ဍာရေးစနစ်အတွင်း ၎င်း၏တန်ဖိုးကို အမြင့်ဆုံး ဖော်ဆောင် နိုင်သည့် မူဝါဒတစ်ရပ်ကို အကောင်အထည်ဖော်ခြင်းမပြုလုပ်ရသေးကြောင်း၊ ထို့ ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် ပိုင်ဆိုင်ထားသည့် Bitcoin ကို အကျိုးရှိရှိ အသုံးချ ပြီး နိုင်ငံသာယာဝပြောရေးအတွက် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုစွမ်းအားကို အသုံးပြုရန်လို ကြောင်း၊

(ခ)     အမေရိကန်နိုင်ငံ၏ မူဝါဒသည် Bitcoin အရန်ငွေ တစ်ရပ်ထူထောင်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု သိုလှောင်ထိန်းသိမ်းခြင်းကို စီမံခန့်ခွဲနိုင်ရန် အတွက် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများ သိုလှောင်မှုစနစ်တစ်ရပ်ကိုပါ ထူထောင်သွားမည် ဖြစ်ပါကြောင်း၊

(ဂ)     ဘဏ္ဍာရေးဝန်ကြီးသည် “မဟာဗျူဟာကျသော Bitcoin အရန်ငွေ (Strategic Bitcoin Reserve)” နှင့် “အမေရိကန်ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများသိုလှောင်ထိန်းသိမ်းခြင်း (United States Digital Asset Stockpile)”  တို့ကို တည်ထောင်၍ စီမံခန့်ခွဲသွားရန် ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးသည် အဆိုပါမဟာဗျူဟာကျသော Bitcoin အရန်ငွေ နှင့် အမေရိကန် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများ သိုလှောင်ထိန်းသိမ်းခြင်းစနစ်ကို မည်သည့်နေရာတွင် တည်ထောင်၍ ယင်းတို့ကို စီမံအုပ်ချုပ်ရန် သို့မဟုတ် လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် လိုအပ်သောဥပဒေ လုပ်ထုံးလုပ်နည်းများအပါအဝင် တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း တို့နှင့်ပတ်သက်သော ဥပဒေရေးရာနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သုံးသပ်ချက်များကို ဤအမိန့်ထုတ်ပြန်သည့်ရက်မှ ရက်ပေါင်း (၆၀) အတွင်း ပေးပို့ရမည်ဖြစ်ပါကြောင်း၊

(ဃ)    ဖက်ဒရယ်အေဂျင်စီများသည် အစိုးရပိုင် ဒစ်ဂျစ်တယ်ငွေကြေးပိုင်ဆိုင်မှုစာရင်းများကို ဘဏ္ဍာရေးဝန်ကြီးနှင့် သမ္မတ၏ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့သို့ ဤ အမိန့် ထုတ်ပြန်သည့်ရက်မှ ရက်ပေါင်း (၃၀)အတွင်း စာရင်းပြုစုပေးပို့ရမည်ဖြစ်ပြီး အကယ်၍ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများမရှိပါက မရှိကြောင်းကို ပြန်လည်ပေးပို့ရန် ဖြစ် ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။ 

Category: International News