ကနေဒါနိုင်ငံ၏ နို့ထုတ်ကုန်ပစ္စည်းများ၊ ပြုပြင်ပြီးသစ်သားထုတ်ကုန်များအပေါ် သွင်းကုန်ခွန် ကို ယခုသောကြာနေ့ (၇-၃-၂၀၂၅ ရက်) အစောဆုံးစည်းကြပ်သွားရန်ရှိသည်ဟု ၇-၃-၂၀၂၅ ရက်တွင် သမ္မတအိမ်ဖြူတော်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် အမေရိကန်သမ္မတက ပြောကြားခဲ့ပါ သည်။ အမေရိကန်သမ္မတက ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နို့ထုတ်ကုန် ပစ္စည်းများအပေါ် သွင်းကုန် ခွန်(၂၀၀) ရာခိုင်နှုန်းအထက်နှင့် ပြုပြင်ပြီးသစ်သားထုတ်ကုန်များအပေါ် အလွန်မြင့်မား သည့် သွင်းကုန်ခွန်များ သတ်မှတ်ကောက်ခံလျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံ၏ နို့ထုတ်ကုန် ပစ္စည်းများနှင့် ပြုပြင်ပြီး သစ်သားထုတ်ကုန်များကို ကနေဒါဈေးကွက်၌ ရောင်းချနိုင်ခြင်းမရှိအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံမှ အဆိုပါပို့ကုန်များသည် အနည်းငယ်မျှသာ ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံက ယင်းသို့ကောက်ခံမှုကို လျှော့ချမှုရှိ/မရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံကလည်း ကနေဒါနိုင်ငံ၏ နို့ထုတ်ကုန်ပစ္စည်းများနှင့် ပြုပြင်ပြီးသစ်သားထုတ်ကုန် ပစ္စည်းများကို တူညီသည့် ပမာဏအတိုင်း သတ်မှတ်ကောက်ခံရန် အစောဆုံး ၇-၃-၂၀၂၅ ရက် သို့မဟုတ် ၁၀-၃-၂၀၂၅ ရက် နှင့် ၁၁-၃-၂၀၂၅ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံသည် ပြုပြင်ပြီးသစ်သားထုတ်ကုန်များကို ပြည်တွင်း၌တိုးမြှင့်ထုတ်လုပ်နိုင်ရန် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးလျက်ရှိပါကြောင်းနှင့် ကနေဒါနိုင်ငံမှ တင်သွင်း လျက်ရှိသည့် အဆိုပါသွင်းကုန်အုပ်စု နှစ်မျိုးအပေါ် သွင်းကုန်ခွန်ဆိုင်းငံ့မှုသည် ၁၁-၃-၂၀၂၅ ရက်တွင် ပြန်လည်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။