အမေရိကန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအပေါ် အမေရိကန်သမ္မတက သွင်းကုန်ခွန် စည်းကြပ်မှုသည် ၎င်း၏ရွေးကောက်ခံပြည်နယ်မှမဲဆန္ဒရှင်များအပေါ် ထိခိုက်စေသည်ဟု ကင်တပ် ကီပြည်နယ် ရီပတ်ဘလစ်ကင်အထက်လွှတ်တော်အမတ် Rand Paul က ပြောကြားခဲ့ပါသည်။ သွင်းကုန်ခွန်ကြောင့် အိမ်နှင့် မော်တော်ယာဉ်ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်ဟု ကင်တပ်ကီ ပြည်နယ်မှ စက်မှုလုပ်ငန်းများက ၎င်းထံသို့လာရောက် ပြောကြားခဲ့သည်ဟု အထက်လွှတ်တော် အမတ် Rand Paul က ဆိုကြောင်း၊ ရီပတ်ဘလစ်ကင်အထက်လွှတ်တော်အမတ် Thom Tillis က လည်း အစိုးရအနေဖြင့် သွင်းကုန်ခွန်စည်းကြပ်ခြင်းနှင့် တန်ပြန်သွင်းကုန်ခွန် ကောက်ခံခြင်းတို့တွင် “ပါးနပ်မှု”ရှိရန်လိုသည်ဟု ပြောကြားခဲ့ကြောင်း၊ အလားတူပင် အထက်လွှတ်တော်အမတ် John Kennedy ကလည်း သွင်းကုန်ခွန် ကောက်ခံမှုအပေါ် စိုးရိမ်ကြောင်းနှင့် သွင်းကုန်ခွန်သည် ငွေကြေးဖောင်းပွမှုဖြစ်လာစေရန် တွန်းအား ပေးလျက်ရှိသည်ဟု ဝေဖန်ခဲ့ပါကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။