International News

မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အပေါ် သွင်းကုန်ခွန်ချမှတ်ခဲ့သည့်သမ္မတအမိန့်အား ပြင်ဆင်သည့်အမိန့် ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်သမ္မတသည် အမေရိကန်နိုင်ငံ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်စပ်ဒေသများရှိ အခြေအနေများကိုဖြေရှင်းရန် သွင်းကုန်ခွန်များ သတ်မှတ်ခြင်းနှင့်ပတ်သက်သည့် သမ္မတအမိန့်များ ထုတ်ပြန်လျက် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများအပေါ် သွင်းကုန်ခွန်ကောက်ခံမည်ဖြစ်ကြောင်း ၁-၂-၂၀၂၅ ရက်တွင်ထုတ်ပြန်ခဲ့ပါသည်။ ယင်းအမိန့်များကို ၂-၃-၂၀၂၅ ရက်တွင် ပြင်ဆင်လျက် အမေရိ ကန် ဒေါ်လာ (၈၀၀) အောက်ရှိ တန်ဖိုးနည်းပစ္စည်းများအား အကောက်ခွန်ကင်းလွတ်ခွင့် (Duty-free De Minimis)ကို ဆိုင်းငံ့ကြောင်းအမိန့်အား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသမ္မတအမိန့်များကို ပြင်ဆင် သည့် အမိန့်များဖြစ်သော အမေရိကန်နိုင်ငံ၏ တောင်ပိုင်းနယ်စပ်ဒေသရှိ အခြေအနေများကို ဖြေရှင်းရန် သွင်းကုန်ခွန်ကောက်ခံခြင်းအမိန့်အား ပြင်ဆင်သည့်သမ္မတအမိန့် (Amendment to Duties to Address The Situation At our Southern Border) နှင့် အမေရိကန်နိုင်ငံ၏ မြောက်ပိုင်းဒေသရှိ တရားမဝင် ဝင်ရောက်လျက်ရှိသော မူးယစ်ဆေးဝါးစီးဝင်မှုကိုဖြေရှင်းရန် သွင်းကုန်ခွန် ကောက်ခံခြင်းအမိန့်အား ပြင်ဆင်သည့်သမ္မတအမိန့် (Amendment to Duties to Address the Flow of Illicit Drugs Across Our Northern Border) တို့ကို ၆-၃-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အမေရိကန်နိုင်ငံ၏ တောင်ပိုင်းနယ်စပ်ဒေသရှိ အခြေအနေများကိုဖြေရှင်းရန် သွင်းကုန် ခွန်ကောက်ခံခြင်းအမိန့်အား ပြင်ဆင်သည့်သမ္မတအမိန့်နှင့် အမေရိကန်နိုင်ငံ၏ မြောက်ပိုင်းဒေသရှိ တရားမဝင် ဝင်ရောက်လျက်ရှိသော မူးယစ်ဆေးဝါးစီးဝင်မှုကိုဖြေရှင်းရန် သွင်းကုန်ခွန်ကောက်ခံခြင်း အမိန့်အား ပြင်ဆင်သည့်သမ္မတအမိန့်တို့အရ အမေရိကန်နိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းများနှင့် မော်တော်ယာဉ်လုပ်သားများအပေါ် သက်ရောက်မှုကိုလျှော့ချရန် ၁-၂-၂၀၂၅ ရက် ထုတ်ပြန်သည့် သမ္မတအမိန့်ကို အောက်ပါအတိုင်းပြင်ဆင်ကြောင်း ဖော်ပြထား ပါသည် -

          (က)    အမေရိကန်-မက္ကဆီကို- ကနေဒါကုန်သွယ်မှုသဘောတူစာချုပ် (U.S.–Mexico–Canada Agreement, USMCA) အရ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ အမေရိကန်နိုင်ငံသို့ ဝင်ရောက်လျက်ရှိသည့်သွင်းကုန်များအနက် အမေရိကန် အကောက်ခွန် စည်းဝါးညီစနစ် (Harmonized Tariff Schedule of the United States, HTSUS)၏ အခန်း (၉၈)၊ Subchapter (၂၃)နှင့် အခန်း (၉၉)၊ Subchapter (၂၂)ပါ ဖော်ပြထားသည့်ကင်းလွတ်ခွင့် အပါအဝင် အထွေထွေမှတ်စု (၁၁) အောက်ရှိ အခွန်ကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လျက် ရှိသော ကုန်စည်များအား ၁-၂-၂၀၂၅ ရက်ထုတ် သမ္မတအမိန့်ပါ သွင်းကုန်ခွန်ကို စည်းကြပ်ကောက်ခံမည်မဟုတ်ကြောင်း၊

          (ခ)     ပိုတက် (Potash) သွင်းကုန်အပေါ် (၂၅) ရာခိုင်နှုန်းအစား (၁၀)ရာခိုင်နှုန်းသာ သတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း၊

          (ဂ)     ဤအမိန့်ပါ သွင်းကုန်များအတွက် ကင်းလွတ်ခွင့်သည် ၇-၃-၂၀၂၅ ရက်၊ အရှေ့ပိုင်း စံတော်ချိန် (၁၂၀၁) နာရီနောက်ပိုင်း အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်သည်ကုန် ပစ္စည်းများ သို့မဟုတ် သိုလှောင်ရုံများမှ ထုတ်ယူသည့်ပစ္စည်းများအပေါ်၌သာ    သက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးသံမှူး ၊ဝါရှင်တန်ဒီစီ။

Category: International News