အမေရိကန်သမ္မတသည် ဖက်ဒရယ်အေဂျင်စီများအား အမေရိကန်နိုင်ငံ၏ သွင်းကွန် ခွန်နှင့် ကိုက်ညီစေရန် အခြားနိုင်ငံများက ချမှတ်သည့် အကောက်ခွန်များနှင့် စီးပွားရေး ဆိုင်ရာ အတားအဆီးများကို မည်သို့ချိန်ညှိလုပ်ဆောင်နိုင်မည်ကို လေ့လာတင်ပြရန် ညွှန် ကြားခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။
ယင်းအမိန့်အရ အမေရိကန်သမ္မတသည် သွင်းကုန်ခွန်သတ်မှတ်ကောက်ခံခြင်းကို ချက်ချင်း ချမှတ်မည့်အစား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တို့ကို တန်ပြန်ကုန်သွယ်ရေးဆိုင်ရာ အစီအမံများချမှတ်ဆောင်ရွက်ပါက အောင်မြင်နိုင်မည့် အဆင့်များနှင့်ပတ်သက်၍ လေ့လာတင်ပြသည့်အစီရင်ခံစာကို ပြုစု တင်ပြရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်လျာ ထားသူ Mr. Howard Lutnik က ယင်းအစီရင်ခံစာကို ၁-၄-၂၀၂၅ ရက်တွင် အပြီးသတ် တင်ပြရမည်ဟု ပြောကြားခဲ့ကြောင်း၊ မည်သည့်နိုင်ငံများအား တန်ပြန်ကုန်သွယ်ရေး အစီအမံ များချမှတ်မည်မှာ မသေချာသေးသော်လည်း အမေရိကန်နိုင်ငံ၏ကုန်ပစ္စည်းများကို သွင်းကုန်ခွန်အများအပြား ကောက်ခံလျက်ရှိသည့်နိုင်ငံများမှာ အိန္ဒိယ၊ ဘရာဇီးလ်၊ ဗီယက်နမ်၊ အာဂျင်တီးနားနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများနှင့် အာဖရိကနိုင်ငံများ ပါဝင်ကြောင်း၊ ယင်းသို့ တန်ပြန် ကုန်သွယ်မှု အစီအမံများချမှတ်ရန် လေ့လာမည့်အမိန့်ကို အိန္ဒိယဝန်ကြီးချုပ် Mr. Narendra Modi နှင့် မတွေ့ဆုံမီ သမ္မတက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်အများအပြား သတ်မှတ်ကောက်ခံလျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။ ယင်းအမိန့်အရ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သည် ကုန်သွယ်ဖက်နိုင်ငံများ၏ သွင်းကုန်ခွန်နှင့် အကောက်ခွန်မဟုတ်သည့်အတားအဆီးများကို လေ့လာလျက် သမ္မတထံသို့ တင်ပြရမည်ဖြစ်ပြီး စီမံခန့်ခွဲရေးနှင့် ရသုံးမှန်းခြေငွေစာရင်းရုံး (Office of Management and Budget, OMB) က အကယ်၍ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံ ပါက ဘဏ္ဍာရေးအပေါ် သက်ရောက်နိုင်ခြေကို ရက်ပေါင်း (၁၈၀) အတွင်း တင်ပြရမည်ဖြစ် ကြောင်း၊ အမေရိကန် သမ္မတက တစ်ပြေးညီသွင်းကုန်ခွန်သတ်မှတ်ကောက်ခံခြင်းထက် တန်ပြန်ကုန်သွယ်ရေး အစီအမံကို ဆောင်ရွက်ရန် လေ့လာလျက်ရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု များတွင် ပြောကြားခဲ့သည့် သွင်းကုန်အားလုံးအပေါ် အကောက်ခွန်သတ်မှတ် ကောက်ခံမည့် ကိစ္စမှာ ဖြစ်နိုင်ခြေ နည်းပါးသော်လည်း တစ်ပြေးညီ သွင်းကုန်ခွန် ကောက်ခံမည့် ကိစ္စရပ်ကို ရုပ်သိမ်း လိုက်ခြင်းမဟုတ်ဟု သမ္မတအိမ်ဖြူတော်က သတိပေးပြောကြားခဲ့ကြောင်း၊ တန်ပြန် ကုန်သွယ်ရေး အစီအမံများသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization, WTO) ၏ သွင်းကုန်ခွန်များနှင့်ပတ်သက်၍ တန်းတူဆက်ဆံခြင်းမူဖြစ်သည့် “Most Favored Nation” အဆင့်အတန်းကို ပျက်ပြယ် ရာရောက်သည်ဟု ကုန်သွယ်ရေးပညာရှင်များက ဝေဖန်ခဲ့ကြ ကြောင်း ဖော်ပြထားပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။