International News

အမေရိကန်သမ္မတက သံမဏိနှင့် အလူမီနီယံကုန်ပစ္စည်းအပေါ် သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်း ချမှတ်ခဲ့

Last Updated:

အမေရိကန်သမ္မတသည် သံမဏိနှင့် အလူမီနီယံကုန်စည်များအပေါ် သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်းချမှတ်ခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ဖော်ပြထားပါ သည်။

အမေရိကန်သမ္မတ၏ သံမဏိနှင့် အလူမီနီယံသွင်းကုန်များအပေါ် သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်း ကောက်ခံမည့်အမိန့်သည် ၁၂-၃-၂၀၂၅ ရက်တွင် အသက်ဝင်မည်ဖြစ်ပြီး ယင်းသို့ ချမှတ်ခြင်းသည် အမေရိကန်နိုင်ငံအား ချမ်းသာကြွယ်ဝသည့်နိုင်ငံဖြစ်လာစေရန် စမှတ်တစ်ခု ဖြစ်ကြောင်း၊ သံမဏိသွင်းကုန်များအပေါ် အကောက်ခွန်နှုန်း သတ်မှတ်ကောက်ခံခြင်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတသည် နိုင်ငံခြားအစိုးရများနှင့် အလွယ်တကူညှိနှိုင်းသဘောတူ မည်မဟုတ်ကြောင်း၊ သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့က အထူးသဖြင့် တရုတ်နိုင်ငံ အပါ အဝင် နိုင်ငံခြားအစိုးရများသည် ၎င်းတို့၏ သံမဏိကုမ္ပဏီများကို ထောက်ပံ့ကြေးပေးလျက် ရှိပြီး ယင်းသို့ထောက်ပံ့ငွေပေးခြင်းကြောင့် နိုင်ငံခြား သံမဏိထုတ်ကုန်များသည် အမေရိကန်ထုတ်သံမဏိများထက် ဈေးသက်သာရာ ယင်းအချက်သည် အမေရိကန်နိုင်ငံ သံမဏိလုပ်ငန်းများအတွက် မျှတမှုမရှိကြောင်း၊ ယင်းသို့ သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် သွင်းကုန်ခွန်သတ်မှတ်ကောက်ခံခြင်းသည် အမေရိကန်နိုင်ငံ၏ မဟာ မိတ်နိုင်ငံများဖြစ်သည့် ကနေဒါ၊ မက္ကဆီကို၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများကိုပါ ထိခိုက်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ကနေဒါနိုင်ငံမှ သံမဏိ သွင်းကုန်အများဆုံးတင်သွင်းခဲ့ပြီး ကနေဒါပြီးနောက် သွင်းကုန်အများဆုံး တင်သွင်းခဲ့သည့် နိုင်ငံများမှာ ဘရာဇီးလ်၊ မက္ကဆီကို၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ သွင်းကုန်ခွန် ကောက်ခံမှုအပေါ် ယင်းနိုင်ငံများက တုံ့ပြန်မှုအဖြစ် တန်ပြန် သွင်းကုန်ခွန် ချမှတ်လာနိုင်ကြောင်း၊ ကနေဒါ စက်မှုဝန်ကြီး Mr. François-Philippe Champagne က ၎င်းအနေဖြင့် နိုင်ငံတကာမိတ်ဖက်များနှင့် ဆွေးနွေးလျက်ရှိပြီး ရှင်းလင်းစွာ တုံ့ပြန်သွားမည်ဟု ၎င်း၏လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Ms. Ursula von der Leyen ကလည်း မျှတမှုမရှိသည့် သွင်းကုန် ခွန်များနှင့်ပတ်သက်၍ ဥရောပသမဂ္ဂအနေဖြင့် ဖြေရှင်းချက်ပေးသွားမည်ဖြစ်ပြီး ခိုင်မာပြီး သင့်လျော်သည့် တန်ပြန်အစီအမံများကိုပါ ချမှတ်သွားမည်၊ သွင်းကုန်ခွန်သည် အခွန်တစ်မျိုးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် ဆိုးကျိုးဖြစ်စေသကဲ့သို့ စားသုံးသူများ အတွက် သာ၍ပင်ဆိုးကျိုး ဖြစ်စေသည်ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတသည် ၁၀-၂-၂၀၂၅ ရက်နှင့် ၁၁-၂-၂၀၂၅ ရက်တို့တွင် အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာမည့် သံမဏိသွင်းကုန်များကို ထိန်းညှိခြင်း (Adjusting Imports of Steel Into The United States)နှင့် အမေရိကန်နိုင်ငံသို့ဝင်ရောက်လာမည့် အလူမီနီယံ သွင်းကုန်များကို ထိန်းညှိခြင်း (Adjusting Imports of Aluminum Into The United States) အမိန့်များကို ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်အရ အမေရိကန်နိုင်ငံသို့တင်သွင်းသည့် အလူမီနီယံထုတ်ကုန်များအားလုံးကို သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းနှင့် သံမဏိထုတ်ကုန်များအားလုံးကို သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်း စည်းကြပ်သွားမည်ဖြစ်ပြီး ယင်းသို့ သွင်းကုန်ခွန်ကောက်ခံမှုသည် ၁၂-၃-၂၀၂၅ ရက်တွင် အသက်ဝင် မည်ဖြစ်ပါသည်။

(ဇစ်မြစ်။ Wall Street)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News