International News

ထိုင်းနိုင်ငံ ကျောက်မျက်ပြပွဲမှ ဝင်ငွေ ဘတ် ၃.၅ ဘီလီယံရရှိနိုင်မည်ဟု ကျောက်မျက်ပွဲ စီစဉ်သူများက ခန့်မှန်းထား

Last Updated:

ထိုင်းနိုင်ငံဗန်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပ မည့် ၇၁ ကြိမ်မြောက် ဗန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲမှ ကုန်သွယ်မှုတွင် ဘတ် ၃.၅ ဘီလီယံပါဝင်နိုင်မည်ဟု ကျောက်မျက်ပွဲစီစဉ်သူများဖြစ်သော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာန၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအင်စတီကျုတို့က ခန့်မှန်းထား ကြောင်းသိရှိရပါ သည်။

ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍသည် နိုင်ငံ၏ အခိုင်မာဆုံးသော စီးပွား ရေး မဏ္ဍိုင်များထဲမှ တစ်ခု ဖြစ်နေသေးပါကြောင်း၊ ကမ္ဘာ့စိန်ခေါ်မှုများ ရှိနေသော်လည်း စဉ်ဆက် မပြတ် တိုးတက်နေပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပို့ကုန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံရှိခဲ့ပြီး ၁၀.၉ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ သည် ငွေထည်လက်ဝတ်ရတနာတင်ပို့မှုတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး ရောင်စုံကျောက် တင်ပို့မှုတွင် အဆင့် ၃ ဖြစ်ပါကြောင်း၊ Fura Gems and Gemfields သည် ထိုင်းနိုင်ငံကို ၎င်းတို့၏ ကျောက်များ လေလံပွဲအတွက် အချက်အချာအဖြစ် အသုံးပြုပါကြောင်း၊ ဗန်ကောက်ကျောက်မျက်ပြပွဲသည် အာရှ သက်တမ်းအကြီးဆုံးနှင့် ကမ္ဘာ့အဆင့် ၄ စက်မှုကုန်စည်ပြပွဲ တစ်ခုဖြစ်ပါကြောင်း ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် Ms. Sunata Kangvalkulij က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ပြခန်း ၁၀၀ ထပ်တိုးရန် ရည်မှန်းထားပြီး နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပမှ ပြသသူ ၁,၁၀၀ လာရောက်မည်ဖြစ်ပြီး စုစုပေါင်း ပြခန်း ၂,၆၀၀ ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ လာရောက်လည် ပတ်သူ ၄၀,၀၀၀ ဦးရေ ဝင်ရောက်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ပြပွဲတွင် ဆွေးနွေးပွဲများနှင့်အတူ တော်ဝင်မင်းသမီး HRH Princess Sirivannavari Nariratana Rajakanya ကိုယ်တိုင်ဒီဇိုင်းရေးဆွဲ ထားသည့် ကျောက်မျက်ရတနာများကိုလည်း “Amour Eternel Haute Joaillerie” ခေါင်းစဉ်ဖြင့် အထူးပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News