International News

၂၀၂၃ ခုနှစ်အတွင်း ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီနိုင်ငံများ၏ ကုန်သွယ်မှုပမာဏမှာ တစ်ကမ္ဘာလုံးတွင် ဆဌမနေရာသို့ရောက်ရှိ

Last Updated:

ပင်လယ်ကွေ့ဒေသအာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၊ စာရင်းအချက်အလက် စင်တာ (GCC-Stat) မှ ထုတ်ပြန်သော GCC နိုင်ငံခြားကုန်သွယ်မှုအစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွက် ပင် လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) သည် ကမ္ဘာ့ကုန်သွယ်မှုတွင် အရေးပါ သော အဆင့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားကြောင်း ဖော်ပြထားပါသည်။

ဒေသတွင်းနိုင်ငံများ၏ကုန်သွယ်မှုပမာဏစုစုပေါင်းအမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံဖြင့် စုစု ပေါင်း ကမ္ဘာ့ကုန်သွယ်မှုအတွက် ၃.၄ % ပံ့ပိုးပေးထားပြီး အဆိုပါကုန်သွယ်မှုပမာဏမှာ တစ်ကမ္ဘာလုံး တွင် ဆဌမနေရာသို့ရောက်ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်၏ ကုန်သွယ်မှုပမာဏနှင့်နှိုင်းယှဉ်ပါက ၄.၀ % ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလက်ကျန်စာရင်းအနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ၁၆၃.၇ ဘီလီယံသို့ ရှိခဲ့ပြီး GCC ဒေသနိုင်ငံများသည် တစ်ကမ္ဘာလုံးတွင်တတိယနေရာသို့ရောက်ရှိခဲ့ကာ ၂၀၂၂ ခုနှစ်က ရရှိခဲ့ သည့် တန်ဖိုးပမာဏအမေရိကန်ဒေါ်လာ ၃၈၁.၃ ဘီလီယံမှ ၅၇.၁ % သိသိသာသာ ကျဆင်းသွားခဲ့ သည်ကို ထင်ရှားစွာတွေ့မြင်ရပါသည်။    

၂၀၂၃ ခုနှစ်တွင် ဒေသတွင်းကုန်စည်တင်ပို့မှုပမာဏမှာလည်း ၂၀၂၂ ခုနှစ်တွင် ရောက်ရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၉၆၂.၆ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၈၇၃.၁ ဘီလီယံသို့ ၁၄.၅ % ကျဆင်း သွားခဲ့ပါသည်။ သို့သော်လည်း GCC ဒေသနိုင်ငံများ၏ကုန်ပစ္စည်းတင်သွင်းမှုမှာ ၁၃.၄ % မြင့်တက် လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၅၉.၃ ဘီလီယံအထိ ရောက်ရှိလာခဲ့ပါသည်။

ပို့ကုန်ကျဆင်းမှုအတွက် အဓိကပံ့ပိုးပေးသည့်ကုန်စည်မှာရေနံဖြစ်ပြီး GCC ဒေသနိုင်ငံများ အနေဖြင့် ရေနံတင်ပို့မှု ၂၀.၅ % ကျဆင်းသွားခဲ့ကာ ယခင်နှစ်ကရောက်ရှိခဲ့သည့်  အမေရိကန်ဒေါ်လာ ၆၆၁.၁ ဘီလီယံ မှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၂၅.၅ ဘီလီယံသို့ ကျဆင်းသွားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် GCC ဒေသနိုင်ငံများ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ် လာခဲ့ပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုပမာဏတွင် အမေရိကန်ဒေါ်လာ ၂၉၇.၉ ဘီလီယံဖြင့် အိန္ဒိယ နိုင်ငံ၏ ကုန်စည်ကူးသန်းရာင်းဝယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅၀.၄ ဘီလီယံကို ကျော်လွန်သွား ခဲ့ပါသည်။ GCC ဒေသနိုင်ငံများ၏ တရုတ်နိုင်ငံသို့ပို့ကုန်တင်ပို့မှုမှာ ၁၆.၈ % ကျဆင်းသွားခဲ့ပြီး စုစု ပေါင်း အမေရိကန်ဒေါ်လာ ၁၅၈.၃ ဘီလီယံရှိခဲ့သော်လည်း တရုတ်နိုင်ငံမှ သွင်းကုန်တင်သွင်းမှုမှာ ၁၀.၈ % မြင့်တက်လာခဲ့ကာ အမေရိကန်ဒေါ်လာ ၁၃၉.၆ ဘီလီယံအထိ ရောက်ရှိလာခဲ့ပါသည်။

ယေဘုယျအားဖြင့်အဆိုပါအစီရင်ခံစာတွင် အထူးအားဖြင့်ကုန်စည်နှင့်ကုန်ပစ္စည်းများအတွက် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအပေါ် GCC ဒေသနိုင်ငံများ၏အခန်းကဏ္ဍမှ အရေးပါမှုနှင့် စိန်ခေါ်မှုများ                                        ကို အလေးပေးဖော်ပြထားခြင်းဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဒူဘိုင်း။

 

Category: International News