Local News

ကြက်သွန်နီ‌စျေးအနည်းငယ်ကျဆင်းလာ

Last Updated:

ကြက်သွန်နီ‌စျေးအနည်းငယ်ကျဆင်းလာ

          မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီအဓိကစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်တဲ့ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေနံချောင်းနှင့် မြစ်အနောက်ဘက်ခြမ်း မင်းဘူးနယ်တဝိုက်မှ ကြက်သွန်နီများထွက်ရှိရာ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီကိုသာ အဓိကထားအရောင်းအဝယ် ပြုလုပ်ကြတာကို တွေ့ရပါ တယ်။ ယခင်ရက်ပိုင်းတွင် ကြက်သွန်နီစျေး အမြင့်ဆုံးအနေဖြင့် (၂ဝဝဝ)ကျပ်အထိ စျေးမြင့်တက်ခဲ့ပြီး ယခုရက်ပိုင်းတွင် စျေးအနည်းငယ်ကျဆင်းလာကာ (၆.၇.၂၀၂၂)ရက်နေ့တွင် ကြက်သွန်နီ အသေးစ(၁)ပိဿာလျှင် (၈ဝဝ)ကျပ်၊ အလတ်စ(၁)ပိဿာလျှင်(၁၂ဝဝ)ကျပ်၊ ထိပ်စ(၁)ပိဿာလျှင် (၁၄ဝဝ)ကျပ်စျေးသာဖြစ်တဲ့အတွက် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် စျေးအနည်းငယ်ကျ ဆင်းကာ အရောင်းအဝယ် ဖြစ်နေတာကိုတွေ့ရပါတယ်။

          စျေးအနည်းငယ်ကျဆင်းလာ‌သော်လည်း စျေးကွက်ထဲသို့ ကြက်သွန်နီအဝင်ပိဿာမှာ (၆.၇.၂၀၂၂)ရက်နေ့တွင် ပခုက္ကူကြက်သွန်နီအနေဖြင့် ပိဿာ(၄၅ဝဝဝ)နှင့် ဆိပ်ဖြူကြက်သွန်နီမှာ ပိဿာ(၁၅ဝဝဝ)အထိ ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်နေတယ်လို့သိရပါသည်။ စျေးကွက်ထဲမှာ ကြက်သွန်နီရှာပါးချိန်ဖြစ်လာ၍ လှောင်ထားတဲ့သူ များသာ ရောင်းချနိုင်ကြပြီး ကြက်သွန်တောင်သူများအနေဖြင့် ယခင်နှစ်စျေးနှုန်းနဲ့စာပါက ဒီနှစ်တွင် ကြက်သွန်နီစျေး ကောင်းရတယ်လို့ သိရှိရပါတယ်။  

                                                                                                                         ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News