Local News

ပဲမျိုးစုံစျေးကွက်အတက်စျေးနဲ့အရောင်းအဝယ်ဖြစ်နေ

Last Updated:

ပဲမျိုးစုံစျေးကွက်အတက်စျေးနဲ့အရောင်းအဝယ်ဖြစ်နေ

 

          မကွေးတိုင်းဒေသကြီးသည် ပဲမျိုးစုံစိုက်ပျိုးထွက်ရှိရာဒေသဖြစ်၍ အရည်အသွေးနှင့် ဝယ်လိုအားအပေါ် မူတည်ကာ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ပို့ကုန်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲတီစိမ်းစတဲ့ ပဲမာအုပ်စုများအနေဖြင့် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မြင့်မားမှုကြောင့်  ယခုတစ်ပတ်အတွင်း စျေးမြင့်တက်လာကာ အရောင်းအဝယ်သွက်နေတာကို တွေ့ရပါတယ်။ စားတော်ပဲကလည်း ပြည်တွင်းစားသုံးမှုများပြားတဲ့အတွက် စျေးတက် လာတာကိုတွေ့ရပြီး အိန္ဒိယနိုင်ငံမှ အရန်မတ်ပဲအား မြန်မာနိုင်ငံမှ ဝယ်ယူမည်ဟုသိရတဲ့အတွက် မတ်ပဲစျေး ဆက်လက်၍ စျေးတက်နိုင်ဖွယ်ရှိတယ်လို့ ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းထားကြပါတယ်။

          ယခုတစ်ပတ်အတွင်း ပို့ကုန်ပဲများအပြင် ပြည်တွင်းစားသုံးမှုများတဲ့ ကုလားပဲအုပ်စုနှင့် စားတော်ပဲစျေးများလည်း အတက်စျေးဖြင့် အရောင်းအဝယ်သွက်နေတာကို တွေ့ရပါတယ်။ ပဲမျိုးစုံစျေးနှုန်းများကတော့  ပဲတီစိမ်းစျေးအနေဖြင့် ကျပ်(၄၇၅ဝဝ)စျေးဖြစ်တဲ့အတွက် ယခင်တစ်ပတ်ထက် (၁၃ဝဝ)ကျပ်စျေးတက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိရာ အိန္ဒိယဝယ်လက်ရှိတဲ့ မတ်ပဲစျေးအနေဖြင့်လည်း ကျပ်(၅၃ဝဝဝ)စျေးဖြစ်တဲ့အတွက် ယခင်တစ်ပတ်ထက် (၁ဝဝဝ) ကျပ်စျေးတက်ကာ အရောင်းအဝယ်လည်းသွက်နေပြီး ပဲစဉ်းငုံ(နီ)စျေးအနေဖြင့်လည်း ကျပ်(၄၆၂ဝဝ)စျေးဖြစ်တဲ့ အတွက် ယခင်တစ်ပတ်ထက် (၂၂ဝဝ)ကျပ်စျေးတက်ခဲ့ပါတယ်။ ကုလားပဲအုပ်စုဖြစ်တဲ့ ကုလားပဲ(929)စျေးအနေဖြင့် ကျပ်(၄၈၅ဝဝ)စျေးဖြစ်တဲ့အတွက် ယခင်တစ်ပတ်ထက် (၁၅ဝဝ)ကျပ်၊ ကုလားပဲ(HL)စျေးမှာ ကျပ်(၄၇၅ဝဝ)စျေးဖြစ် တဲ့အတွက် ယခင်တစ်ပတ်ထက်  (၁၅ဝဝ)ကျပ်၊ ကုလားပဲ(သေး)စျေးအနေဖြင့် ကျပ်(၄၄၅ဝဝ)စျေးဖြစ်တဲ့အတွက် ယခင်တစ်ပတ်ထက် (၅ဝဝ)ကျပ်တို့အသီးသီး စျေးများတက်ခဲ့ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ပြည်တွင်းသုံးစွဲမှု များတဲ့ စားတော်ပဲစျေးအနေဖြင့်လည်း ကျပ်(၁ဝဝဝဝဝ)အထိ စျေးတက်သွားကာ ယခင်တစ်ပတ်ထက် (၁ဝဝဝ)ကျပ် စျေးတက်၍ အရောင်းအဝယ် ဖြစ်နေတာကိုတွေ့ရပါတယ်။

                                                                                                                         ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News