ဈေးကွက်ဈေးနှုန်း

ဂါရဝပြုတွေ့ဆုံခြင်း

Last Updated:

ဂါရဝပြုတွေ့ဆုံခြင်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှညွှန်ကြားရေးမှူးချုပ်ဦးအောင်စိုးအားCSMT Pte Ltd (Crop soil Monitoring Technology) မှ Mr. Linard Alain ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည်၂၀၁၉ခုနှစ်၊ဇွန်လ ၆ရက်နေ့တွင်လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ CSMT Pte Ltd သည် စင်္ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်ပြီးမြန်မာနိုင်ငံရှိ Yoma Strategic Holding Limited နှင့် ပူးပေါင်း၍ မန္တလေးနှင့် ဟဲဟိုးမြို့များတွင် အာလူးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် Drone အသုံးပြု၍ စိုက်ပျိုးခြင်းပြုလုပ်နိုင်ရန် Survey ပြုလုပ်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် အာလူးစိုက်ပျိုးရာ၌ ပျက်စီးလေလွင့်မှု ၃၀ ရာခိုင်နှုန်းခန့်ရှိနေကြောင်း၊ Drone အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် ပျက်စီးလေလွင့်မှုကိုလျော့ချနိုင် ပြီးစိုက်ခင်းအတွင်း ပိုးကျ ရောက်ခြင်း၊ ရိတ်သိမ်းချိန်နှင့် အထွက်နှုန်းကို အနီးစပ်ဆုံးခန့်မှန်းနိုင်မည်ဖြစ် ကြောင်း၊မြန်မာနိုင်ငံတွင် အာလူးစိုက်ပျိုး ခြင်းနှင့်ပတ်သက်၍ Growing Practice လိုအပ်နေသေး၍ အဆင့်မြင့်နည်းပညာအသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်ကုန် အရည်အသွေး တိုးမြင့်လာစေမှာဖြစ်ကြောင်း၊ Drone တစ်ခု၏ တန်ဖိုးသည် Euro ၁၀၀၀၀ ခန့်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိစက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တို့ကိုဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမျိုးသူနှင့် ဒုတိယညွှန်ကြားရေးမှူးဒေါ်သီတာဝင်းဌေးတို့လည်းတက်ရောက်ခဲ့ကြပါသည်။

NES Unit