International News

ဂျာမနီနိုင်ငံစီးပွားရေးအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၂ခုနှစ် တတိယသုံးလတာကာလ (ဇူလိုင်-စက်တင်ဘာ) တွင် ဒုတိယသုံးလပတ်ထက် (၀.၃) ရာခိုင်နှုန်းအားဖြင့် တိုးတက်ခဲ့ပြီး၊ ၂၀၂၁ခုနှစ် ကာလတူထက် (၁.၁) ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပါသည်။  ဂျီဒီပီတိုးတက်မှုသည် အဓိကအားဖြင့် private consumption expenditure ပိုင်းတွင် တိုးတက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် Supply side အခက်အခဲ၊ ဈေးနှုန်းများမြင့်တက်နေမှုနှင့် စီးပွားရေးအကျပ်အတည်းကာလအတွင်း စီမံဆောင်ရွက်မှုများဖြင့် ထိန်းကျောင်းဆောင်ရွက်ထားနိုင်ကြောင်း Federal Statistical Office (Destatis) က စာရင်းထုတ်ပြန်ထားပါသည်။ ကုန်ပစ္စည်းဈေးနှုန်းများ ဆက်လက်မြင့်တက်လျှက်ရှိပြီး ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ခုနှစ် စက်တင်ဘာလ တွင် (၁၀) ရာခိုင်နှုန်းမှ အောက်တိုဘာလတွင် (၁၀.၄) ရာခိုင်နှုန်းသို့ ရောက်ရှိရန် ခန့်မှန်းထားရှိပြီး ယခင်နှစ် ကာလတူထက်လည်း (၁၀.၄) ရာခိုင်နှုန်း ပိုမိုတိုးတက်လာကြောင်းသိရှိရပါသည်။

ဂျာမနီနိုင်ငံတွင် ၂၀၂၂ခုနှစ်ဇွန်လအတွင်းက Minimum Wage Act (MiLoG) ကို ထပ်မံဖြည့်စွက် ပြင်ဆင်ခြင်းပြုလုပ်ခဲ့မှုအရ လူတစ်ဦး ပျမ်းမျှအနည်းဆုံးလုပ်ခလစာကို ၂၀၂၂ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ၁ နာရီလျှင်  (၁၂) ယူရို ရရှိရန်သတ်မှတ်ထားပါသည်။

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

 

Source:https://www.destatis.de/EN/Press/2022/10/PE22_458_611.html;jsessionid=5FE3F26DD03E998B412011603EE2E289.live732

            https://www.destatis.de/EN/Press/2022/10/PE22_457_811.html;jsessionid=5FE3F26DD03E998B412011603EE2E289.live732

            https://www.zoll.de/SharedDocs/Fachmeldungen/

Category: International News