Local News

စက်တင်ဘာလပထမပတ်မန္တလေးကုန်စည်ဒိုင်၏ဆီထွက်သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်၏ စက်တင်ဘာလ ပထမပတ်ဆီထွက်သီးနှံဈေးကွက်အခြေအနေမှာ-

          မန္တလေးကုန်စည်ဒိုင်သို့ မကွေး၊ နတ်မောက် ၊ စစ်ကိုင်း၊ ဝက်လက်နယ်စုံမှမြေပဲဆံအသစ်များ ဝင်ရောက်လျှက်ရှိပြီး ဈေးကွက်လက်ကျန်နည်းခြင်းကြောင့် ဈေးများမြင့်တက်နေသည်။ မန္တလေး ဆီစက်များအပြင်နီးစပ်ရာမြို့များရှိ ဆီစက်များကလည်း မန္တလေးဈေးကွက်မှ မြေပဲဆံများကိုဝယ်ယူမှု ရှိ၍၊ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

          မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင်ကျပ် ၇၂၀၀မှ ၆၅၀၀၊ ယခင်တစ်ပတ်ကျပ် ၇၂၀၀မှ ၇၀၀၀၊ ယခင်လကျပ် ၆၃၅၀မှ ၆၂၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၃၅၀ မှ ၈၅၀ မြင့်တက်လာသည်။

          မြေပဲလုံးဆံ(အနီ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင်ကျပ် ၆၉၀၀၊ ယခင်တစ်ပတ်ကျပ်၇၀၀၀၊  ယခင်လကျပ် ၆၂၅၀မှ ၆၁၅၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀ နိမ့်ကျနေပြီး၊  ယခင်လထက် ကျပ် ၃၅၀ မှ ၆၅၀ မြင့်တက်လာသည်။

          မြေပဲ(ဆီဆံ) တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင်ကျပ် ၆၂၀၀ မှ ၅၅၀၀၊ ယခင်တစ်ပတ်ကျပ် ၆၈၀၀ မှ ၅၈၀၀၊ ယခင်လကျပ် ၆၁၀၀မှ ၅၇၅၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၀၀မှ ၆၀၀ ဈေးနိမ့်လာပြီး၊ ယခင်လထက်ကျပ် ၁၀၀ မြင့်တက်လာသည်။

          နှမ်းမှာ ဈေးကွက်အဝင်မရှိသော်လည်း လှောင်လက်နှမ်းများ လက်ကျန်နည်း၍ဈေးမြင့်လာပြီး၊ ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်းမန္တလေးကုန်စည်ဒိုင်မှသိရသည်။

          နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၂၅၀၀၀ မှ ၃၂၀၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၃၁၅၀၀၀မှ ၃၀၅၀၀၀၊ ယခင်လကျပ် ၂၂၅၀၀၀မှ ၂၁၀၀၀၀ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ်၁၀၀၀၀မှ ၁၅၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀၀မှ ၁၁၀၀၀၀ မြင့်တက်လာသည်။

          နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၂၅၅၀၀၀မှ ၂၄၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၅၀၀၀၀မှ ၂၄၅၀၀၀ ၊ ယခင်လကျပ် ၁၉၅၀၀၀မှ ၁၈၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ်  ၅၀၀၀၊ ယခင်လထက်ကျပ် ၆၀၀၀၀ မြင့်တက်လာသည်။                                                                                                                                                                                                                                                         နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၂၀၀၀၀မှ ၂၅၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၂၀၀၀၀မှ ၂၅၀၀၀၀၊ ယခင်လကျပ်၂၅၅၀၀၀မှ ၂၀၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀၀ ၊ ယခင်လထက်ကျပ် ၅၅၀၀၀မှ ၆၅၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News