Local News

ဈေးအကျဘက်တွင်ဆက်ရှိနေသည့်မတ်ပဲ

Last Updated:

ယခင်သီတင်းပတ်အတွင်း ဈေးငြိမ်နေခဲ့တဲ့မတ်ပဲဈေးနှုန်းများဟာ ယခုသီတင်းပတ်အတွင်း မှာ ပြည်တွင်းငွေကြေးဈေးနှုန်းအရ ဈေးဆက်လက်ကျဆင်းလာတာကိုတွေ့ရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တပတ်အတွင်းမတ်ပဲဈေးနှုန်းများကတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ မတ်ပဲတစ်တင်းလျှင် ကျပ် ၆၂၀၀၀၊ ၃၀ ရက်နေ့မှာ ကျပ် ၆၁၅၀၀၊ အောက်တိုဘာလ ရက်နေ့မှာ ကျပ် ၅၈၀၀၀၊ ရက်နေ့မှာ ကျပ် ၅၉၀၀၀၊ ရက်နေ့မှာကျပ် ၆၀၃၀၀ ရက်နေ့မှာ ကျပ် ၆၀၅၀၀၊ ရက်နေ့မှာ ကျပ် ၆၀၄၀၀၊ ရက်နေ့မှာ ကျပ် ၆၀၂၀၀ အသီးသီးဖြစ်ခဲ့ပါတယ်။

အောက်တိုဘာလ ရက်နေ့ ငွေကြေးဈေးနှုန်းအနည်းငယ် ရုတ်တရက်ပြန်တက်လာချိန်မှာ မတ်ပဲအပါအဝင် ပဲမျိုးစုံရဲ့ ဈေးနှုန်းတွေလည်း ကျဆင်းလာပြီး မတ်ပဲဟာ တစ်တင်းဈေးနှုန်း ကျပ် ၆၀၀၀၀ အောက်ကိုရောက်ရှိခဲ့ပါတယ်။ နောက်ရက်တွေမှာ ကျပ် ၆၀၀၀၀ အထက်ပြန်ရောက်ခဲ့ပေ မယ့် ကျပ် ၆၀၀၀၀ စွန်းစွန်းမှာပဲ ဆက်လက်ရှိနေတာကိုတွေ့ရပါတယ်။

အဓိက ဝယ်လက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း မိုးစိုက်မတ်ပဲအသစ်တွေ ဈေးကွက် အတွင်းဆက်တိုက်ဝင်ရောက်နေပြီးတော့ ချနိုင်းနဲ့ မွန်ဘိုင်းဈေးကွက်မှာ တစ်ကွမ်တယ်ကို Rs 50-75 တက်လာတာကလွဲလို့ ကျန်ပြည်နယ်များမှာ ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဒေလီဈေးကွက် မှာတော့ မတ်ပဲ SQ ရော FAQ ရော ဈေးကျလျှက်ရှိပါတယ်။

မြန်မာမတ်ပဲတင်ပို့မှုကတော့ ပုံမှန်အတိုင်းသာရှိနေပြီး မတ်ပဲအရောင်းအဝယ်ကတော့ တက်ဈေးမှာရော ကျဈေးမှာပါ အရောင်းအဝယ်အေးနေကြောင်းသိရှိရပါတယ်။

Category: Local News