International News

ထိုင်းပြည်ပပို့ကုန်တင်ပို့မှုဆက်လက်၍တိုးတက်လျှက်ရှိခြင်း

Last Updated:

ကမ္ဘာ့စီးပွားရေး ပြန်လည်ဉီးမော့လာမှုကြောင့် ဝယ်လိုအားတိုးတက်လာမှုနှင့် တက်ကြွသော ကုန်သွယ်မှုမြှင့်တင်မှုများကြောင့် ဖေဖေါ်ဝါရီလတွင် ထိုင်းပြည်ပပို့ကုန်တင်ပို့မှုသည် မျှော်မှန်းထားသည့် (၁၆.၂%) တိုးတက်လာကြောင်း သိရှိရပါသည်။

ပို၍အရေးကြီးသည်မှာ ရုရှား- ယူကရိန်း ပဋိပက္ခသည် ထိုင်းနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအပေါ် သက်ရောက်မှုမရှိသေး ခြင်းဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလတွင် အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှု သည် အမေရိကန်ဒေါ်လာ (၂၃.၄၈၃) ဘီလီယံရရှိခဲ့ကြောင်းနှင့် သွင်းကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ (၁၆.၈%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၃.၃၆၀) ဘီလီယံအထိ တိုးတက်ရရှိခဲ့ကြောင်းနှင့် ကုန်သွယ်မှု ပိုငွေအမေရိကန်ဒေါ်လာ (၁၂၃.၃) သန်းရရှိခဲ့ ကြောင်း ၂၄.၃.၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ယခုနှစ်ပထမ (၂) လတွင် ထိုင်းနိုင်ငံအနေဖြင့် ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် (၁၂.၂%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄၄.၇၄) ဘီလီယံရရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၁၈.၇%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄၇.၁၄) ဘီလီယံရရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂.၄) ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင်က ထိုင်းနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုအနေဖြင့် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခ၏ ရိုက်ခတ်မှုကို အနီးကပ် စောင့်ကြည့်လျှက်ရှိကြောင်းနှင့် မတ်လနှင့် ဧပြီလတို့တွင် ရှင်းရှင်းလင်းလင်း မြင်တွေ့ရဖွယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါပဋိပက္ခသည် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများနှင့် ရေနံဈေးနှုန်းတို့ကိုပါ ထိခိုက်နိုင်သော်လည်း ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအများအပြားအတွက် ရုရှားနှင့် ယူကရိန်းနိုင်ငံ
များသို့ တင်ပို့ရန် ဈေးကွက်ဝင်ရောက်မှုအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဉက္ကဌ Poj Aramwattananont က ရုရှားနှင့် ကုန်သွယ်မှုမှာ သေးငယ်ကြောင်း၊ ပဋိပက္ခ အပေါ် မသေမချာမရေရာမှုများနှင့် ရှုပ်ထွေးမှုများသည် ထောက်ပံ့ပို့ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကုန်စည်များ၏ ကုန်ကျစရိတ်ကို ပိုမို မြင့်တက်လာစေကြောင်း ဆိုပါသည်။

၂၀၂၂ ခုနှစ်၊ ပထမ (၂) လအတွက် ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ကထက် (၁၂.၂%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄၄.၇၄၂) ဘီလီယံရရှိခဲ့ကြောင်း၊ တစ်နှစ်ပတ်လုံးတင်ပို့မှုမှာ (၃%) မှ (၄%) တိုးတက်မည်ဟု ဝန်ကြီးဌာန၏ ခန့်မှန်းချက်ကို ကျော်လွန်နေ ကြောင်း ဝန်ကြီး မစ္စတာဂျူရင်က ပြောကြားခဲ့ပါသည်။ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများတွင် သွင်းကုန်တင်သွင်းမှုမှာ ယခင်နှစ်က ထက် (၁၈.၇%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄၇.၁၄၅) ဘီလီယံရှိခဲ့ကြောင်းနှင့် ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ (၂.၄၀၃) ဘီလီယံရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: International News