ဈေးကွက်ဈေးနှုန်း

ပဲခူးတိုင်းဒေသကြီးတွင်အရည်အသွေးမြင့်ရော်ဘာများထုတ်လုပ်နိုင်ရေးအတွက်အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့ ပူးပေါင်း၍ EIF (Enhanced Integrated Framework) အကူအညီဖြင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာထုတ်လုပ်ရေးနှင့် အရည်အသွေးမြင့် မှိုင်းခံရော်ဘာ ထုတ်လုပ်မှု နည်းပညာ ဆိုင်ရာ ဆွေးနွေးပွဲကို ၄.၁၂.၂၀၁၉ နေ့တွင် ပဲခူးတိုင်းဒေသကြီး မြို့တော်ခန်းမတွင် နံနက် (၉:၃၀)နာရီမှ (၁၅:ဝ၀)နာရီ ထိ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်နှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များ၊ ခြံရှင်များ စုစုပေါင်းလူဦးရေ (၁၂၀)ခန့်တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရော်ဘာအသင်းမှ နည်းပညာအကြံပေး ဦးလှမြင့်မှ ရေရှည်တည်တံ့သော သဘာဝရော်ဘာထုတ်လုပ်ရေး ၊ မြန်မာနိုင်ငံရော်ဘာအသင်းမှ ပညာရှင်ဦးအာကာမှ အရည်အသွေးမြင့် မှိုင်းခံရော်ဘာ ထုတ်လုပ်မှုနှင့် အတန်းအစားခွဲခြားခြင်း၊ မြန်မာနိုင်ငံရော်ဘာအသင်းမှ ပညာရှင် ဒေါ်အင်ကြင်းညီညီ မှ “5 S” နှင့် လုပ်ဆောင်သွားရမည့်နည်းလမ်းများကို ဆွေးနွေးသွားပါသည်။ တက်ရောက် လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပါသည်။

Myantrade-TIR