Local News

ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၁၈ ဖွင့်ပွဲကျင်းပ

Last Updated:

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး၊ ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနတို့ ပူးပေါင်းဦးစီးကျင်းပသည့် ''ဗီယက်နမ်ကုန်စည်ပြပွဲ-၂၀၁၈'' ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဦးိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁း၀၀ နာရီတွင် ကျင်းပခဲ့ပါသည် ။ အဆိုပါ အခမ်းအနားသို့ ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၊ ဗီယက်နမ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီမှ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးဦးဇော်အေးမောင်၊ UMFCCE မှ ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည် ။ ၄င်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးကိုယ်စား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်မှလည်းကောင်း၊ ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးမှ လည်းကောင်း အသီးသီး အမှာစကားများ ပြောကြားခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။

ယင်းကုန်စည်ပြပွဲတွင် ကုမ္ပဏီ (၈၀) မှ ပြခန်းပေါင်း (၁၂၀) ဖြင့် လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ စသည်ဖြင့် စုံလင်စွာ ပြသ ရောင်းချသွားမည်ဖြစ်ပြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ (၄) ရက် တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။

UYMA(MTC)

Category: Local News