Local News

မန္တလေးကုန်စည်ဒိုင်နှမ်းဈေးကွက်ဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နှင့် မန္တလေးအနီးတဝိုက်မှ နှမ်းအသစ်များ ဝင်ရောက်နေပြီး၊ဝယ်လက်မှ အနည်းငယ် ဝယ်ယူမှုရှိကြောင်း ပြည်ပတင်ပို့မှုမရှိသောကြောင့် အရောင်းဝယ်အေး ဈေးအေးလာကြောင်း သိရသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၂၃၇၀၀၀၊ ယခင်တစ်ပတ်ကျပ်၂၄၂၀၀၀၊ ယခင်လကျပ် ၂၇၅၀၀၀ မှ ၂၈၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၁၀၀၀ မှ ၂၃၀၀၀ ၊ ယခင်လထက်ကျပ်၃၈၀၀၀မှ ၄၃၀၀၀  နိမ့်ကျလာသည်။

နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၂၀၀၀၀ ၊ ယခင် တစ်ပတ်ကျပ် ၂၂၀၀၀၀ မှ ၂၂၅၀၀၀၊ ယခင်လကျပ် ၂၃၀၀၀၀ မှ ၂၃၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀နိမ့်ကျလာ သည်။

 နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၅၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၇၀၀၀၀၊ ယခင်လကျပ်  ၃၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၀ ၊ ယခင်လထက် ၅၀၀၀၀ နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News