International News

လျှပ်စစ်ကားဈေးကွက်

Last Updated:

ကမ္ဘာ့ဈေးကွက်တွင် လျှပ်စစ်အားသွင်းသည့် Charging port ထည့်သွင်းထုတ်လုပ်ထားသော လျှပ်စစ်ကားများ plug-in vehicle (PEV) ထုတ်လုပ်ရောင်းချရမှုသည် ၂၀၂၂ ခုနှစ်၊ မေလတွင် ယခင်နှင်စ ကာလတူနှင့် နှိုင်းယှဉ်ပါက ၅၅ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ တရုတ်နိုင်ငံ၏ ကိုဘစ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့လိုက်သည့်အတွက် ယခင်အမြင့်ဆုံးရောင်းအားသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက အစီးရေ ၆၉၉,၀၀၀ အထိ ရှိခဲ့ပါသည်။ အဆိုပါရောင်းအားသည် ကားဈေးကွက်၏ ၁၂ ရာခိုင်နှုန်း ဖြစ်ပါသည်။ (ဘက်ထရီ လျှပ်စစ်ကားများ battery-powered electric vehicle (BEV) က ရောင်းအား ၈.၆ ရာခိုင်နှုန်း ရရှိ)
ကြိုးမဲ့အားသွင်းစနစ်အသုံးပြုသည့် Plugless Hybrid လျှပ်စစ်ကားများ (PHEVs) တစ်နည်းအားဖြင့် Wireless Electric Vehicle Charging System (WEVCS) စနစ်အသုံးပြုထားသည့် လျှပ်စစ်ကားများ ရောင်းအားမှာမူ ၂၀၂၂ ခုနှစ်တွင် မြင့်တက်ခဲ့သော်လည်း ၂ လ ဆက်တိုက်ရောင်းအား သိသိသာသာ ထိုးကျသွားခဲ့သည်ကို တွေ့ရှိရပြီး ၂၀၂၃ အစတွင် ဆက်လက် ကျဆင်း မည်ဟု ခန့်မှန်းထားကြပါသည်။
၂၀၂၂ ခုနှစ်၊ မေလတွင် ဘက်ထရီလျှပ်စစ်ကား (BEV) ရောင်းအားသည် Charging port ထည့်သွင်းထုတ်လုပ်ထားသော လျှပ်စစ်ကားများ (PHEVs) ရောင်းအားထက် ပိုမိုရောင်းချရသည်ကို တွေ့ရှိရပြီး ယခင်နှစ်ထက် ၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

 

PHEVs လျှပ်စစ်ကားများသည် ယခင်နှစ်ရောင်းအားထက် ၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ဥရောပဈေးကွက်တွင် ရောင်းအားစတင်ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ နှစ်စမှယခုလအထိရောင်းအားတွင် Charging port ပါဝင်သောလျှပ်စစ်ကားများက ဈေးကွက်ရောင်းအား၏ ၁၁ ရာခိုင်နှုန်း ဆက်တိုက်ရယူထားနိုင်သည်ကို တွေ့ရှိရပါသည်။ ( ဘက်ထရီလျှပ်စစ်ကားများ (BEV)ကရောင်းအား ၈.၁ရာခိုင်နှုန်းရရှိ)

 

လဲ့လဲ့နှင်း (MYANTRADE)

Source: CleanTechnica

https://cleantechnica.com/2022/06/29/electric-car-sales-global-top-20/

Category: International News