Local News

အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Last Updated:

 

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနနှင့် Mekong Institute တို့ပူးပေါင်း၍ အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးရှိ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၌ ၂၀၁၈ ခုနှစ် ၊ နို၀င်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့ပါသည် ။

 အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်နှင့် Mekong Institute မှ ကိုယ်စားလှယ်များနှင့်အတူ အစိုးရ၀န်ကြီးဌာနများမှ အရာထမ်းများ ၊ ပုဂ္ဂလိကကဏ္ဍတို့မှ တာ၀န်ရှိသူများ စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ပါသည် ။

အထူးစီးပွားရေးဇုန်များ အောင်မြင်ရေးနှင့် စပ်လျဉ်း၍ အကျိုးကျေးဇူးများ ၊ စိန်ခေါ်မှုများနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသိပညာ မျှ​​ေနိုင်စေရန် သင်တန်းများ ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခြင်းဖြင့် အထူးစီးပွားရေးဇုန်များ ၊ ဖွံ့ဖြိုးရေးလုပ်ငန်းရပ်များ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည် ။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ၊ နို၀င်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးရှိ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနတွင် ကျင်းပမည် ဖြစ်ပါ သည်။

                                                                                                မိုးမိုးအောင်(SEZ)

                                                                                                နေပြည်တော်    

 

 

 

 

 

 

 

Category: Local News