Local News

ရွှေသတ္တု ထုတ်လုပ်သန့်စင်ရာတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါးဓာတုပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်ဆိုင်ရာ မူဝါဒ ထုတ်ပြန်ခြင်း

Last Updated:

ရွှေသတ္တု ထုတ်လုပ်သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော လုပ်ကွက်များတွင် အသုံးပြု မည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါးဓာတုပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင် ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တင်သွင်းရောင်းချ ဖြန့်ဖြူးသူများ လိုက်နာရန် စက်မှု၀န်ကြီးဌာန၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၅၊ ဥပဒေပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်နှင့် အဆိုပါ ဥပဒေ ပုဒ်မ ၄၇၊  ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် အောက်ပါမူါဒကို ထုတ်ပြန်လိုက်သည်။

"ရွှေသတ္တု ထုတ်လုပ်သန့်စင်ရာတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါး ဓာတုပစ္စည်းများ ပြည်ပမှ ဝယ်ယူတင်သွင်းခွင့်ဆိုင်ရာမူါဒ"

၁။      ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ သည် ခွင့်ပြုမိန့်ဖြင့် ရွှေသတ္တု ထုတ်လုပ်သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော လုပ်ကွက်များ တွင် အသုံးပြုမည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါး ဓာတုပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းနှင့် အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၅ ၊ ပုဒ်မခွဲ(က) အရ အောက်ဖော်ပြပါ မူဝါဒများအား ရွှေသတ္တု ထုတ်လုပ်သန့်စင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တင်သွင်းရောင်းချ ဖြန့်ဖြူးသူများ လိုက်နာရန် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါသည်-

          (က)    ရွှေသတ္တုသယံဇာတ အရင်းအမြစ်များကို ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါးဓာတု

          ပစ္စည်းများ အသုံးပြု၍ သဘာ၀ပတ်၀န်းကျင်၊ လူနှင့် သက်ရှိသတ္တဝါတို့အပေါ်

          ကာလတို၊ ကာလရှည် ဆိုကျိုးသက်ရောက်မှု မဖြစ်စေဘဲ အကျိုးရှိစွာ ထုတ်လုပ်

          အသုံးချခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဌ ပိုမိုတိုးတက် မြင့်မားလာစေရန်၊

          (ခ)     ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါးဓာတုပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းခြင်း

                   အပြင် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ

                   လုပ်ငန်းများဖြစ်သည့် သိုလှောင်ခြင်း၊ နည်းပညာအရ ပြုပြင်ခြင်း၊ စီးပွားရေးအလို့

                   ငှာထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊သယ်ယူပို့ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူး

                   ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း နှင့် စွန့်ပစ်ခြင်း ပြုသည့်လုပ်ငန်းများ ဆောင်ရွက်

                   ရာတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ပါ စည်းကမ်း

                   ချက်များနှင့်အညီ အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျ လုပ်ကိုင်ဆောင်

                   ရွက်စေရန်၊

          (ဂ)     တရား၀င်ခွင့်ပြုချက်ဖြင့် တင်သွင်းလာသော ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါး ဓာတု

                   ပစ္စည်းများကို စနစ်တကျ သုံးစွဲလာစေရေးအတွက် ပညာပေးလုပ်ငန်းများကို ကျယ်

                   ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် သတင်းအချက်အလက်များ ရယူ၍ ကိုင်တွယ်

                   အသုံးပြုသူများကို အသိပေးသည့်စနစ် ကျင့်သုံးစေရန်၊

          (ဃ)    တင်သွင်းလာသည့်  ဆိုဒီယမ်ဆိုင်ယာနိုဒ် (Sodium  Cyanide) နှင့် ပြဒါး

(Mercury) ဓာတုပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း အပါအဝင် ဓာတု

ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင်

ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ

ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များ၊

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး

ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြားချက်

များ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊

သက်ဆိုင်ရာလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များနှင့်

အညီ မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များနှင့် ဆောင်ရွက်စေရန်၊

          (င)     ဆိုဒီယမ်ဆိုင်ယာနိုဒ် (Sodium  Cyanide) နှင့် ပြဒါး (Mercury) ဓာတုပစ္စည်း

         များကို နယ်စပ်ကုန်သွယ်မှုစခန်းများနှင့် ဆိပ်ကမ်းများမှတစ်ဆင့် တင်သွင်း

         သယ်ယူပို့ဆောင်မည်ဆိုပါက အဆိုပါစခန်းများ၏ စည်းမျဉ်း၊ စည်းကမ်း

         သတ်မှတ်ချက်များနှင့်အညီ သိုလှောင်မည့်နေရာနှင့် လုပ်ငန်းခွင်သို့ အန္တရယ်

        ကင်းရှင်းစွာ သယ်ယူပို့ဆောင်စေရန်၊

          (စ)     တင်သွင်းလာသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ် (Sodium  Cyanide) နှင့် ပြဒါး

         (Mercury) ဓာတုပစ္စည်းများကို အသုံးပြုရန်နှင့် ရောင်းချရန်တို့အတွက်

         လက်ခံ သိုလှောင်မည့်သူသည် ယင်းဓာတုပစ္စည်းများ လက်ခံရရှိသည့်အခါ

         သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့သို့ သတင်း

         ပို့စေရန်၊

        (ဆ)    ဆိုဒီယမ်ဆိုင်ယာနိုဒ် (Sodium  Cyanide) နှင့် ပြဒါး (Mercury) ဓာတုပစ္စည်း

        များကို ပြည်ပမှ ဝယ်ယူလိုလျှင်သော်လည်းကောင်း၊ ဝယ်ယူသိုလှောင်ပြီး ပြန်လည်

        ဖြန့်ဖြူးရောင်းချလျှင်သော်လည်းကောင်း ကုမ္ပဏီ/လုပ်ငန်းများ အနေဖြင့် မိမိတို့

        ဖြန့်ဖြူးရောင်းချသူများ၏ အမည်၊ နေရပ်၊ ရောင်းချခဲ့သည့် ပမာဏ၊ သုံးစွဲမည့်

         ဒေသ၊ သုံးစွဲမည့်အကြောင်းအရာများကို စနစ်တကျ မှတ်တမ်းများ ထားရှိ၍

         ရောင်းချသူနှင့် ဝယ်ယူသုံးစွဲသူများသည် လိုအပ်ပါက စစ်ဆေးမှု ခံယူနိုင်ရေးအ

         တွက် ပြင်ဆင်ထားရှိစေရန်၊

          (ဇ)     ဆိုဒီယမ်ဆိုင်ယာနိုဒ် ၊ ပြဒါး ဓာတုပစ္စည်းများနှင့်စပ်လျဉ်း၍ မတော်တဆဖြစ်

                   ပွားမှုများကို ကာကွယ်ရန်နှင့် လျော့ပါးစေရန် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်

                   ထိန်းချုပ်ရေးဆိုင်ရာ နည်းစနစ်များ၊ လုံခြုံရေးကိရိယာများ တပ်ဆင်သုံးစွဲခြင်းနှင့်

                   သင့်တော်ကောင်းမွန်သည့် ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများကို ထုတ်

                   ပေး၍ အမြဲတစေ စနစ်တကျ ဝတ်ဆင်သုံးစွဲ လုပ်ကိုင် ဆောင်ရွက်စေရန်၊

          (စျ)    ဆိုဒီယမ်ဆိုင်ယာနိုဒ် နှင့် ပြဒါးဓာတုပစ္စည်းများကို အသုံးပြုပြီး ဓာတုပစ္စည်းနှင့်

                   ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ပါက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း

                   များအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ တည်ဆဲဥပဒေ၊

                   နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊ ယင်းတို့နှင့်သက်ဆိုင်သည့် အပြည်ပြည်

        ဆိုင်ရာကွန်ဗင်းရှင်းများမှ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရန်၊

၂။      ဤမူဝါဒ ထုတ်ပြန်သည့်နေ့မှစ၍ ရွှေသတ္တုထုတ်လုပ်  သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက် နေသော ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အထက်အပိုဒ်(၁)ပါ အချက်များအား တိကျစွာ လိုက်နာ  အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

စက်မှု၀န်ကြီးဌာန

 

 

 

 

 

Category: Local News