ဈေးကွက်ဈေးနှုန်း

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ ပြန်လည်ပြင်ဆင်ထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းအား (၁-၈-၂၀၁၉) ရက်နေ့မှစတင်၍ အကောင်အထည် ဖော်ဆောင်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်းကိစ္စ

Last Updated:

၁။         အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုဒေသကို အာဆီယံအဖွဲ့၀င်နိုင်ငံများနှင့် တရုတ် နိုင်ငံတို့အကြား ၂၀၀၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ခဲ့ကြပြီး၊ စာချုပ်၀င် နိုင်ငံများသည် ကုန်စည် ကုန်သွယ်ရေးကဏ္ဍအောက်တွင် အကောက်ခွန်ခံစားခွင့်ရှိသည့် ကုန်စည်များအတွက် အသုံးပြုလျက်ရှိသော ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့် ၄င်း၏  လုပ်ထုံးလုပ်နည်းအား ပြောင်းလဲလာသည့် ကုန်သွယ်မှုဆိုင်ရာ၀န်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် စဉ်ဆက်မပြတ် ဆွေးနွေးညိှနှိုင်းမှုများ ပြလုပ်ခဲ့ကြပြီး၊ ၂၀၁၀ ခုနှစ်တွင် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအား အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။

၂။         ဆက်လက်၍ အာဆီယံအဖွဲ့၀င်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ဆွေးနွေးညိှနှိုင်းမှုများကို စဉ်ဆက် မပြတ် ကျင်းပပြုလုပ်ခဲ့ပြီး ၊ အာဆီယံအဖွဲ့၀င်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် ဆွေးနွေးညှိနှိုင်း၍ ရရှိလာသော လက်ရှိပင်ရင်းနိုင်ငံ စည်းမျဉ်းအပေါ် ပြင်ဆင်ထားသည့် Revised Rules of Origin  အား စာချုပ်၀်နိုင်ငံများအကြား (၁-၈-၂၀၁၉) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ညွှန်းချက်ပါ အ စည်းအ​ေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ပါသည်။

၃။         အဆိုပါ ပြန်လည်ပြင်ဆင်ထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းတွင် ၄င်း၏ လုပ်ထုံးလုပ်နည်းများ (Operational Certification Procedures-OCPs)  ၊ သီးသန့်စည်းမျဉ်း (Product Specific Rules-PSRs)    ကျင့်သုံးမည့် ကုန်စည်စာရင်းနှင့်  Form E ပုံစံအသစ်တို့ပါ၀င်ပါသည်။

၄။         အဆိုပါ ပြန်လည်ပြင်ဆင်ထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းအား အာဆီယံ-အဖွဲ့၀င်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား (၁-၈-၂၀၁၉) ရက်နေ့မှစတင်၍ အကူးအပြောင်းကာလရက်သတ္တပတ် (၂) ပတ်ဖြင့် စတင် အကောင်အထည်ဖော်ဆောင်မည် ဖြစ်ပါသည်။

၅။        အကူးအပြောင်းကာလ (၂) ပတ်အတွင်း Form E ပုံစံအဟောင်းနှင့်  Form E ပုံစံအသစ်နှစ်မျိုးစလုံးအား အသုံးပြုနိုင်မည် ဖြစ်ပြီး ၊ Form E ပုံစံအဟောင်းကို အသုံးပြုပါက ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း အဟောင်းကို ကျင့်သုံးရမည်ဖြစ်ကာ Form E ပုံစံအသစ်ကို အသုံးပြုပါက ပြန်လည်ပြင်ဆင်ထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းကို ကျင့်သုံးရမည် ဖြစ်ပါသည် ။ ရက်သတ္တပတ် (၂) ပတ်ကျော်လွန်ပါက Form E ပုံစံအသစ်နှင့် ပြန်လည်ပြင်ဆင်ထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းကိုသာ အသုံးပြုရမည် ဖြစ်ပါသည်။

၆။        သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ၀န်ကြီးဌာန ၊ အဖွဲ့အစည်းများအနေဖြင့် ပြန်လည် ပြင်ဆင်ထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းကို ကျင့်သုံး၍ CO Form E ပုံစံအသစ်များကို  စီးပွားရေးနှင့် ကူးသန်း ရောင်း၀ယ်ရေး ၀န်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေး စခန်းများတွင် (၁-၈-၂၀၁၉) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီးဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။