Local News

ဧရာဝတီဆန်စပါးစျေးနှုန်းနှင့်ဈေးကွက်အခြေအနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်ပေါ်လျှက်ရှိသည့် စပါးဈေးနှုန်းများမှာ ကောက်ကြမ်းစပါးတင်း () ရာလျှင် ကျပ် ၁၃ သိန်း နှင့် ကောက်ချောစပါးတင်း () ရာလျှင် ကျပ် ၁၆ သိန်း သောင်း၊ ရွှေသွယ်စပါး တင်း () ရာလျှင် ကျပ် ၁၄ သိန်း အသီးသီး ဖြစ်ပြီး ဆန်ဈေးနှုန်း များမှာ ဆင်းသုခ၊ မနောသုခ၊ မျိုးပွား () အိတ်လျှင် ကျပ် ၄၃၀၀၀၊ ပေါ်ဆန်းယဉ် () အိတ်လျှင် ၅၃၀၀၀၊ ဧရာဝတီပေါ်ဆန်းဟောင်း () အိတ်လျှင် ကျပ် ၆၅၀၀၀ အသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ဈေးနှုန်းများမှာ အရောင်းအဝယ်ဖြစ်မှု အခြေအနေပေါ်မူတည်၍ အပြောင်းအလဲ ရှိကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်း၊ ဟင်္သာတ မြို့နယ်များမှ စပါးများကို ပဲခူး၊ ပြည် မြို့များမှဆင်းဝယ်လျှက်ရှိပြီး တိုင်းဒေသကြီးမှကြိတ်ခွဲထွက်ရှိသောဆန်ကို မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ မြို့များနှင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် G to G သဘောတူစာချုပ်အရ ဧရာဝတီတိုင်းဒေသကြီးမှ ဆန် တန်ချိန် သောင်းမှ သောင်းအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ရန် လျာထားပြီး အောက်တိုဘာ လ စတုတ္ထပတ်မှစတင်ကာ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည်မထ % ဆန်တန်ချိန် ၂၆၅၀ စတင် တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိအခြေအနေအရ ဧရာဝတီတိုင်းဒေသကြီးမှ  ပြည်ပသို့ဆန်တိုက်ရိုက် တင်ပို့ခြင်း စတင်နေသည့်အပြင် လှောင်လက်များလည်း အဝယ်လိုက်နေသဖြင့် စပါးဈေးတက်လာနေပြီး နောက်ရက်များတွင် ဆက်လက်တက်နိုင်ကြောင်း ဆန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

 

Category: Local News