ဈေးကွက်ဈေးနှုန်း

ဧရာဝတီတိုင်းဒေသကြီးတွင်အရည်အသွေးမြင့်ရော်ဘာများထုတ်လုပ်နိုင်ရေးအတွက်အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းသို့ ပူးပေါင်း၍ EIF (Enhanced Integrated Framework) အကူအညီဖြင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာထုတ်လုပ်ရေးနှင့် အရည်အသွေးမြင့်မှိုင်းခံ ရော်ဘာ ထုတ်လုပ်မှု နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ၂.၁၂.၂၀၁၉ နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဆရာဝန်များ အသင်းခန်းမတွင် နံနက် (၁၀းဝ၀)နာရီမှ (၁၅းဝ၀)နာရီထိ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးဦးစိုးဝင်း၊ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်နှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များ၊ ခြံရှင်များ စုစုပေါင်းလူဦးရေ (၁၂၀)ခန့်တက်ရောက်ခဲ့ ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရော်ဘာအသင်းမှ နည်းပညာအကြံပေး ဦးလှမြင့်မှ ရေရှည်တည်တံ့သော သဘာဝရော်ဘာ ထုတ်လုပ်ရေး မြန်မာနိုင်ငံရော်ဘာအသင်းမှ ပညာရှင်ဦးအာကာမှ အရည်အသွေးမြင့် မှိုင်းခံရော်ဘာ ထုတ်လုပ်မှုနှင့် အတန်းအစားခွဲခြားခြင်း၊ မြန်မာနိုင်ငံရော်ဘာအသင်းမှ ပညာရှင် ဒေါ်အင်ကြင်းညီညီ မှ “5 S” နှင့် လုပ်ဆောင်သွားရမည့်နည်းလမ်းများကို ဆွေးနွေးသွားပါသည်။ တက်ရောက် လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။

Myantrade-TIR